Advertisements

မော်လမြိုင်၊ဖေဖော်ဝါရီ

PEN Myanmar ၏ ၉၄ကြိမ်မြောက် ရသ အစုန်အဆန်ဆွေးနွေးပွဲကိုပဲန်မြန်မာနှင့် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ် တရထောခန်းမ၌ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဒါက ဒုတိယအကြိမ်မြောက် မော်လမြိုင်တက္ကသိုလ်မှာလုပ်တာပါ၊ ၂၀၁၆ ခုနှစ် ၇လပိုင်းက ပထမအကြိမ်လုပ်ခဲ့ပြီးပြီ၊ ဒီခန်းမမှာပဲ၊ အဲတုန်းကတော့ ဆရာစောဝေတို့ဆရာမ မိချမ်းဝေတို့ ကဗျာဆရာမောင်ဆောင်းခတို့ အပါအဝင် စုစုပေါင်း ရှစ်ယောက်လာတယ်၊ အောင်မြင်တဲ့ပွဲဖြစ်ခဲ့ပါတယ်”ဟု ပွဲစီစဉ်သူ တစ်ဦးကပြော
သည်။

ယခုဆွေးနွေးပွဲတွင် ဆရာမျိုးမြင့်ညိမ်း၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာစောဝေ၊ ဆရာမ မိချမ်းဝေ၊ စုမီအောင်၊ မောင်ဆောင်းခ တို့က ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ပြီး၊ တက်ရောက်လာသူများမှလည်း အပြန်အလှန်ဆွေးနွေးကြမည်ဖြစ်သည်။

“ဒီလိုပွဲတွေလုပ်တာကောင်းပါတယ်၊ ကျောင်းသားတော်တော်များများက စာဖတ်ဝါသနာပါကြတယ်လေ၊ ကိုယ့်မှာရှိတဲ့စိတ်ကူးစိတ်သန်းကောင်းတွေကိုရေးသားဖော်ထုတ်ပြဖို့အတွက် ဒီပွဲကအများကြီးအထောက်အကူပြုမှာပါ၊ နောက်ပြီးစာပေနဲ့ဝေးကွာနေတဲ့ကျောင်းသား/သူတွေ၊ စာရေးဆရာတွေရဲ့ ဆွေးနွေးချက်ကိုနားထောင်ပြီး စာဖတ်ချင်စိတ်တွေဖြစ်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တော့ကြိုက်တယ်” ဟု တက္ကသိုလ်ကျောင်းသား ပြည့်ဖြိုးလွင်ကသုံးသပ်ပြောဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခြင်း အပါအဝင်ကဗျာရွတ်ဆိုခြင်းများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။

မောင်ပြည့်

Advertisements
<

Leave a Reply