မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဦးဆောင်ကော်မတီကိုဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းမော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ထံမှသိရသည်။

log

ကျောင်းသားများကိုအမှန်တကယ် ကိုယ်စားပြုနိုင်စေသောသမဂ္ဂတစ်ခုပေါ်ပေါက်လာစေရန်နှင့် လုပ်ငန်းစဉ်များလျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဦးဆောင်ကော်မတီအားဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းမော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ကိုထက်မြတ်မော်ကပြောသည်။

ယခင်ကမော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် အလုပ်အမှုဆောင်အဖွဲ့ဝင်များသာရှိပြီးယခုအခါ ကျောင်းတွင်း၌ လွပ်လပ်စွာလုပ်ဆောင်နိုင်ပြီးဖြစ်သောကြောင့် ဦးဆောင်ကော်မတီအားဖွဲ့စည်းကာ ၎င်းအဖွဲ့၏လုပ်ဆောင်ချက်များကိုအလုပ်အမှုဆောင်အဖွဲ့မှ တာဝန်ခံပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျောင်းထဲမှာတရားဝင်လှုပ်ရှားပိုင်ခွင့်ရပြီးဆိုတော့ ကျောင်းလုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်ဖို့ ဖွဲ့ရတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

အလားတူပင် မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကိုလည်းဇွန်လ ၉ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီးအဆိုပါ အဖွဲ့နှင့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ၊ စာပေဟောပြောပွဲများ၊ အခြားသောလုပ်ငန်းများကိုလည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုထက်မြတ်မော်ကပြောဆိုသည်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့၏ ဦးဆောင်ကော်မတီ၌ မနှင်းဝတ်ရည်၊ ကိုဝေဖြိုးဟိန်း၊ ကိုပြည့်ဖြိုးလွင်၊ ကိုအောင်မြင့်ဦး၊ ကိုဇော်ဝင်းထိုက်နှင့် အဖွဲ့ဝင်များပါရှိပြီးစုစုပေါင်း ၃၂ဦး ဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။

Photo Credit = Mawlamyine University Students’ Union Page

Leave a Reply