မော်လမြိုင်၊ မတ် ၂၉ ။ ။ မော်လမြိုင်မြို့နယ်၊ အပိုင်း(၆) တိုးချဲ့ကမ်းနားလမ်း စီမံကိန်းဆောင်ရွက်ထားရှိမှုကို ပြန်လည်စိစစ်ရန် ချောင်းဆုံမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မတ်လ ၂၉ရက်နေ့တွင် ကျင်းပပြူလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးနေ့့တွင် အရေးကြီး အဆိုတင်သွင်း ခဲ့သည်။

kkkkk

“ စုန်ရေကုမ္ပဏီက စည်ပင်ကိုပေးသွင်းရန် လွှတ်တော်ကိုတင်ပြထားတဲ့ကျပ်သိန်းပေါင်း နှစ်သောင်းခွဲအစား တစ်သောင်းခွဲကိုပဲ ပေးခဲ့တယ်၊ မြေဧရိယာ ၁.၅ဧကအစား ဝ.၇၅ တစ်ဝက်လျှော့ချပြီးတော့ စည်ပင် အဖွဲ့ကိုပေးသွင်းခဲ့ကြောင်း သိရှိရပါတယ်၊” ဟု ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ပေအရှည် (၄၆၅ဝ)ပေနှင့် မြေလွတ် ၂၁ဧကရှိသည့် တိုးချဲ့ကမ်းနားလမ်းမြေနေရာတွင် ကျုးကျော်နေထိုင်သူ ၁၁ဝဦးရှိနေပြီး ၎င်းတို့ကိုနစ်နာမှုမရှိစေရန် မွန်ပြည်နယ်အစိုးရထံမှ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ၄င်းကပြော သည်။

မွန်ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် စည်ပင်ရေးရာကော်မတီ၏ တင်ဒါခေါ်ယူမှုတွင်ကုမ္ပဏီ ငါးခုအနက် စုုန်ရေကုမ္ပဏီကို ၁၁.၂.၂ဝ၁၅ရက်နေ့တွင်အပြီးသတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ ကုမ္ပဏီစရိတ်စုစုပေါင်း ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်အသုံးပြုတည်ဆောက်မည်ဖြစ်ပြီး စည်ပင်ကော်မတီကို ကျပ်သိန်းပေါင်း နှစ်သောင်းခွဲ၊မြေ ၁.၅ဧကပြန်လည်ပေးအပ်သွားမည်ဟု သဘောတူညီ ချက်များရှိခဲ့သော်လည်း လက်တွေ့တွင် ကွဲလွဲချက်များရှိနေကြောင်း ဒေါက်တာအောင်နိုင်ဦး က ဆိုသည်။

“မွန်ပြည်နယ်လွှတ်တော်ကို လာရောက်အတည်ပြုချက်ယူထားတုန်းက တင်ပြခဲ့တဲ့အချက်တွေနဲ့ လက တွေ့တွင် အစိုးရအဖွဲ့နှင့် စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုက်ညီမှုမရှိတာ ကို တွေ့ရတဲ့အတွက် ဒီအပေါ်ကိုလွှတ်တော်အနေနဲ့ သဘောထားတစ်ခုခု ဆုံးဖြတ်ဖို့ အလေးအနက်တင်ပြ အပ်ပါတယ်” ဟု ၎င်းကတင်ပြသည်။

ယင်းအဆိုကို မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းထင်အောင်ဟန် နှင့် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူး တို့က ထောက်ခံဆွေးနွေးခဲ့သည်။

ထို့နောက် မော်လမြိုင် တိုးချဲ့ကမ်းနားလမ်းနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရကို အကြောင်း သွားမည်ဖြစ်ကာ ယင်းအဆိုကို မှတ်တမ်းတင်ထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်တင်အိက ပြောသည်။

အဆိုပါတိုးချဲ့ကမး်နားလမ်းစီမံကိန်းကို တပ်မတော် အစိုးရလက်ထပ်ကပင် ဆောင်ရွက်ရန်စီစဉ်ခဲ့သော်လည်း ကြောင်း အမျိုး မျိုးကြောင့်ရပ်ဆိုင်းခဲ့ရပြီး ၂ဝ၁ဝနောက်ပိုင်းအစိုးရလက်ထက်တွင် စတင်အကောင် အထည် ဖော်ခဲ့သော စီမံကိန်းတစ်ခုဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

Leave a Reply