မော်လမြိုင်၊ ဖေဖော်ဝါရီ ၂

မော်လမြိုင်မြို့တွင် Mawlamyine Bike Clip (MBC) မှ ကြီးမှူးကျင်းပသော ခုနှစ်ကြိမ်မြောက်စက်ဘီးပြိုင်ပွဲကို လာမည့် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) တွင် ကျင်းပမည့်ဖြစ်ကြောင်း အဆိုပါအသင်းမှ အဖွဲ့ဝင် ကိုအောင်လင်းယုက ပြောသည်။

ပြိုင်ပွဲကို Mawlamyine Bike Clip (MBC) မှ ဖိတ်ကြားထားသော ရန်ကုန်၊ မန္တလေး၊ သံဖြူဇရပ်၊ ထားဝယ်နှင့် မော်လမြိုင်မြို့များရှိ ပြိုင်ပွဲဝင်ဦးရေ ၅၀ မှ ၆၀ ဦးထိ မျှော်မှန်ထားကြောင်း၊ နောင်လာမည့် မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ပေါ်ထွန်းရန်နှင့် မြို့နေလူတန်းစားများ စက်ဘီးပြိုင်ပွဲကို ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“view point ကနေစပြီးတော့ တာလွှတ်မယ် ပြီးရင် မုဒုံအထိ၊ သွားပြီးှရင် ချောင်းနှစ်ခွဘက်သွားမယ် ကျွန်းရွာဆိုတာရှိတယ် ခုနှစ်ခွေတက်ရတာပေါ့၊ ပြန်လာရင်ကျိုက်မရော ပြီးရင် မော်လမြိုင်ကို ပြန်လာလို့ရှိရင် ခုနှစ်ခွေ နှစ်ခွေတက်ရမှာပေါ့ တက်ပြီးမှ view point မှာ ပန်းပြန်ဝင်မှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြိုင်ပွဲပထမဆုနှင့် ကြော်ငြာကဏ္ဍကို Royal Cycle Life မှ ပံ့ပိုးကူညီပြီး MBC မှ အသင်းသားများ ပူးပေါင်း၍ အလှူငွေ မတည်ကာ ပြိုင်ပွဲအားကျင်းပခြင်းဖြစ်ကြောင်းနှင့် ပထမဆု ၁၅၀၀၀၀ ကျပ်၊ ဒုတိယဆု ၁၀၀၀၀၀ ကျပ်၊ တတိယဆု ရ၀၀၀၀ ကျပ်နှင့် ၃၀၀၀၀ ကျပ်ဆု ခုနှစ်ဆုတို့ကို အသီးသီး ပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စက်ဘီးပြိုင်ပွဲကို နံနက် ၆ နာရီတွင် စတင်မည်ဖြစ်ပြီး စက်ဘီးအမျိုးအစားကို Mountain တစ်မျိုးတည်းဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းနှင့် စက်ဘီးပြိုင်ပွဲ၏ အကွာအဝေးမှာ ခရီးရှည် မိုင်ပေါင်း ၅၃ မိုင် ရှိကြောင်း Mawlamyine Bike Clip (MBC) အသင်းမှ သိရသည်။

Leave a Reply