မော်လမြိုင်တွင် စားသောက်ဆိုင် ထိုင်နေသူကို ဝါးဆစ်ပိတ် ဝါးလုံးဖြင့် ဝင် ရိုက်သတ်မှု ဖြစ်ပွား

မော်လမြိုင် မတ် ၂၃

မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက် ဦးအေးလွင်၏ စားသောက်ဆိုင်(ဟောင်း)ဘေး၌ ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်ဖြင့် မတ်လ ၂၂ ရက်နေ့ ၇ နာရီခွဲက သေဆုံးနေသဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ယင်းရပ်ကွက်နေ ဦးအေးလှိုင်ဖြစ်ကြောင်း၊စက်မှုဇုန်နယ်မြေရဲစခန်း (ပ)၁၁၁၉/၂၀၁၉၊ ရာဇသတ်ကြီး ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ရဲတပ်ဖွဲ့က စိစစ်ချက်အရ မတ်လ ၂၀ ရက်တွင် ဦးအေးလှိုင်မှာ တစ်ရပ်ကွက်တည်းနေ မောင်စိန် နှင့်အတူ အရက်သောက်ပြီး စကားများခဲ့ကြောင်း၊ သို့ဖြစ်ရာ ဦးအေးလှိုင်က မောင်စိန်ကို ထိုးကြိတ်ရိုက်ခဲ့သည်ကို မကျေနပ်သဖြင့် မောင်စိန်က ဖော်ပြပါ စားသောက်ဆိုင်သို့ လိုက်သွားခဲ့ပြီး တစ်ဦးတည်းထိုင်နေသည့် ဦးအေးလှိုင်၏ ခေါင်းကို ဝါးဆစ်ပိတ် ဝါးလုံးဖြင့် ရိုက်ခဲ့ကြောင်း၊ ဝါးလုံးမှာ အရှည် ၂ ပေခွဲ၊ လုံးပတ် ၃ လက်မခန့် ရှိကြောင်း သိရသည်။

သို့ဖြစ်၍ မောင်စိန်(ခ)မူဒကေးစု(၄၂ နှစ်)ကို အမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကိုးကား – ပြည်ထဲရေးဝန်ကြီးဌာန https://cutt.ly/GwopXA

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.