(ဓါတ်ပုံ အညွှန်း – မူးယစ်ဆေးဝါးများကို မျက်နှာကျက်မီးသီးအတွင်း သိုဝှက်ထားခဲ့ခြင်းဖြစ်သည်။)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လှိုင်ရပ်ကွက်နှင့် ကြာအင်းကျေးရွာ ခရွန်ရပ်ကွက်၌ ဇန်နဝါရီ ၇ ရက်နေ့က မူးယစ်ဆေးသတင်းအရ မူးယစ်ဆေးရောင်းဝယ်သူ နှစ်ဦးကို မူးယစ်တပ်ဖွဲစု (၃၈) မော်လမြိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါညနေ ၅ နာရီဝန်းကျင်က မူးယစ်ဆေးသတင်းအရ လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းနှင့် ရွှေပြည်အေးလမ်းဒေါင့်တွင် မူးယစ်အထူး ရဲများ စောင့်ဆိုင်နေစဉ် ရွှေပြည်အေးလမ်းဘက်မှ အုတ်ဖိုလမ်းဘက်သို့ လမ်းလျှောက်လာသူ ဦးနိုင်ဇော်ထွန်း (ခ) တရုတ်ကို မသင်္ကာ၍ စစ်ဆေးရာမှ ၎င်းဝတ်ဆင်ထားသည့် ဂျာကင်အင်္ကျီအိတ်ထဲမှ အနက်ရောင် ပလတ်စတစ်စဖြင့် ထုပ်ထားသော WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ဝ ပြားကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – မူးယစ်ဆေးဝါးများကို မျက်နှာကျက်မီးသီးအတွင်း သိုဝှက်ထားခဲ့ခြင်းဖြစ်သည်။)
(ဓါတ်ပုံ အညွှန်း – မူးယစ်ဆေးဝါးများကို မျက်နှာကျက်မီးသီးအတွင်း သိုဝှက်ထားခဲ့ခြင်းဖြစ်သည်။)

မူးယစ်ဆေးဖြင့် ဖမ်းမိသူ ဦးနိုင်ဇော်ထွန်းကို စစ်ဆေးရာတွင် ယင်းမူးယစ်ဆေးများကို ကြာအင်းကျေးရွာ၊ ခရွန်ရပ်ကွက်၊ မွန်စု၊ ဆီဆိုင် လမ်းကြားတွင်နေထိုင်သူ ဦးတေဇာအောင် (ခ) အောင်ကိုလတ် (ခ) ကိုလတ်ထံမှ ဆေးပြားတစ်ပြားကိုငွေ ၄၀ဝ၀ ကျပ်ဖြင့် ဝယ်ယူခဲ့ သည်ဟု ထွက်ဆိုသဖြင့် ဦးတေဇာအောင် နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး ၇၂၀ ပြားနှင့် အိုင်စ်ဟုယူဆရသည့် အဖြူရောင် ပုံဆောင်ခဲ့ ၁၅ ဂရမ်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးတေဇာအောင် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများကို နေအိမ်ဧည့်ခန်း မျက်နှာကျက် မီးသီးအတွင်းမှ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများအပြင် လျှပ်စစ်ကျင်စက်တစ်ခုနှင့် မူးယစ်ဆေးဝါးရောင်းရငွေဟု ယူဆရာသည့် ငွေ ၅၀ဝ၀ဝ၀ ကျပ်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်ဟု မူးယစ်တပ်ဖွဲစု (၃၈) မော်လမြိုင်မှ ဒုရဲမှူးနိုင်ထန်းမနားက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဦးနိုင်ဇော်ထွန်းနှင့် ဦးတေဇာအောင်တို့ကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မူးယစ်တပ်ဖွဲစု (၃၈) မော်လမြိုင်ထံမှ သိရသည်။

Leave a Reply