မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉ ။ ။ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အောက်လမ်းမကြီးရှိ တော်ဝင်စံ လက်ဖက်ရည်ဆိုင်တွင် လက်ဖက် ရည်ထိုင်သောက်နေသူ ဦးမင်းညီထံမှ WY ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ကို ဖေဖော်ဝါရီ ၂၈ ရက် ည ၉ နာရီခန့်ကဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်ထံမှ သိရသည်။

wy
ယင်းလက်ဖက်ရည် ဆိုင်တွင် ဦးမင်းညီ ကို စစ်ဆေး ရာတွင် ၎င်း ဝတ်ဆင်ထားသည့် အနက်ရောင် ဂျာကင် အိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝ ပါသော အထုပ်နှစ်ထုပ်ကို ဖမ်းဆီး ရ မိခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိ သူများ ကပြောကြားသည်။

ဦးမင်းညီကို စစ်ဆေးရာ ထိုဆေးပြား ၂ဝဝကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှကဇိုင်းကျေးရွာနေ အေးအောင်ဆို သူထံမှ တစ်ပြားလျှင် ၃ဝဝဝ ကျပ်နှုန်းနှင့် ဝယ်ယူပြီး မော်လမြိုင်တွင် ၅ဝဝဝကျပ်နှုန်းဖြင့် ပြန်လည်ရောင်း ချကြောင်း ၎င်းက ဆက်လက်ပြောသည်။

မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူ ဘိုကုန်းရပ်ကွက်နေ ဦးမင်းညီ အား မူး/စိတ် ပုဒ်မ- ၁၅/ ၁၉(က) အရ အရေးယူထားကြောင်း မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်အဖွဲ့၏ မှတ်တမ်းအရ သိရသည်။

Leave a Reply