မော်လမြိုင်၊ အောက်တိုဘာ ။ ။ မော်လမြိုင်ရှိ စွန့်ပစ်အမှိုက်များ ဖျက်ဆီးနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် အမှိုက်စက်ရုံ တည်ဆောက်သွားအမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

gb

“ကျွန်တော်တို့ အနေနဲ့ လက်ရှိမှာ အမှိုက်စက်ရုံ တည်ဆောက်ဖို့ စီမံချက်ရေးဆွဲ ပြီးသွားပြီး၊ ပြည်နယ်အစိုးရ ကတော့ သဘောတူထားတယ်၊ ပြည်ထောင်စုတင်ဖို့ပဲ ကျန်တယ်”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မော်လမြိုင်မြို့ရှိ အမှိုက်များကို ခြောက်မိုင်းကျေးရွာ၌ ကျင်တူး စွန်ပစ်မှုများ ပြုလုပ်လျက်ရှိရာ နောက်ပိုင်းတွင် မြေနေရာ အခက်အခဲ ရှိလာနိုင်ခြင်းကြောင့် အမှိုက်ဖျက်ဆီး စက်ရုံ တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ပြီး၊ တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၀ ကျော်ကို ဖျက်ဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ အမှိုက်ဖျက်ဆီး စက်ရုံတွင် မီးဖိုချောင်းသုံးအမှိုက်၊ သစ်ရွက်၊ သစ်ကိုင်းမှ မြေဆွေးထုတ်စနစ်၊ စက္ကူနှင့် အခြား စွန့်ပစ် ပစ္စည်းများမှ လျှပ်စစ်ထုတ်လုပ်သည့် စနစ်၊ ဆေးရုံက ထွက်ရှိသည့် ပုလင်းကွဲ အမှိုက်များကို သီခြားဖျက်ဆီးမည့် စနစ် အပါအဝင် အခြား စနစ်များကို ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် မော်လမြိုင်မြို့သည် ယခုအချိန်တွင် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၀ဝ ကျော် ထွက်ရှိနေပြီး၊ စွန့်ပစ်အမှိုက် တန် ၆၀ ကျော်သာ သိမ်းဆည်းနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် အမှိုက်ကား လာချိန် အမှိုက်မပစ်လိုက်ရသည့် ရုံးသွား၊ ကျောင်းသွားသူကြသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် လမ်းဘေအမှိုက်ပုံးများထားရှိပြီး လမ်းဘေးအမှိုက်ပုံး သိမ်းကားကို ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အမှိုက်ဖျက်ဆီးတဲ့ စက်ရုံက မြို့နယ်တိုင်းမှာ လုပ်ထားသင့်တယ်၊ အစ်ကို သထုံမှာဆို အမှိုက်ကန်တူးပြီး အမှိုက်ပစ်ထည့်တယ်၊ အမှိုက်ကန်က တဖြည်းဖြည်း ပြည်လာတာဖြစ်တော့ နေရာအတွက် အခက်အခဲဖြစ်နိုင်တယ်” သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောဆိုသည်။

အမှိုက်ဖျက်ဆီး စက်ရုံ တည်ဆောင်မည် ဆိုပါက နိုင်ငံတကာ အဆင့်မှီဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန် နှင့် အမှိုက်များကို စနစ်တကျ ဖျက်ဆီးနိုင်းရေးအတွက် ကောင်းမွန်သည့် နည်းစနစ်များကို အသုံးပြုသင့်ကြောင်း ၎င်းက ပြောကြားသည်။

Leave a Reply