Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူအား တစ်လင်တစ်မယားစနစ်ကို ကျူးလွန်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဇန်နဝါရီ ၇ရက်၌ တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ သိရသည်။

အမှတ် (၁၂၃၄)၊ ဗညားဒလလမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့နေသူ မောင်လပြည့်ဝန်း နှင့် အမှတ် (၂၁၃၅)၊ ၁၅လမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့နေသူ မအေးသန္တာအောင်တို့သည် လူငယ်သဘာဝချစ်ကြိုက်ပြီး ၂၀၁၅ခုနှစ်၊ မေလ ၁ရက်တွင် နှစ်ဖက်မိဘများရှေ့၌ လက်ထပ်ပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြကြောင်း ယင်းရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်း၏ခင်ပွန်းမှ ဆေးသုံးစွဲပြီး လင်မယားအတူနေရန်ပြောဆိုကာ ၎င်းကိုလည်း ဆေးသုံးစွဲခိုင်းရာ မပြုလုပ်ခဲ့သောကြောင့် ခင်ပွန်းဖြစ်သူမှာ စိတ်ဆိုးပြီး အိမ်ပေါ်မှဆင်းသွားပြီး ဇေယျာမြိုင်ရပ်ကွက်အတွင်းရှိ KTVစားသောက်ဆိုင်မှ မဝေဝေခက်(ခ) အိလေး(ခ) အိချော နှင့် ငြိတွယ်ပြီးနောက် နေအိမ်သို့ပြန်လာခြင်းမရှိဘဲ ၎င်း၏မိဘနေအိမ်တွင် အတူပေါင်းသင်းနေထိုင်နေကြောင်း မှတ်တမ်းအရ သိရသည်။

တရားဝင်ပေါင်းသင်းနေထိုင်ပြီးမှ မဝေဝေခက်(ခ) အိလေး(ခ) အိချောအား ထပ်မံပေါင်းသင်းနေထိုင်သူ မောင်လပြည့်ဝန်းအား မအေးသန္တာအောင်မှ တရားလိုပြုတိုင်းကြားသောကြောင့် မြိုင်သာယာနယ်မြေရဲစခန်း တွင် (ပ) ၅/၂၀၁၈ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply