မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၁၅ ခုနှစ် တစ်နှစ်တာအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခဲ့သည်အမှုနှင့် ယာဉ်တိုက်သည့်အမှု စုစုပေါင်း ၂၅၈ မှုရှိခဲ့ကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

8
လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိသည့်အမှုသည် ၁၃၉ မှုရှိခဲ့ပြီး၊ ယင်းအမှုထဲတွင် မော်တော်ယာဉ် ၁၂၈ စီး၊ မော်တော်ဆိုင်ကယ် ၁၀ စီးနှင့် ထော်လာဂျီ တစ်စီးတို့ပါဝင်ကြောင်း ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး အေးမင်းက ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့်အမှုတွင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၆၆ ဦးတို့ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။

Leave a Reply