မော်လမြိုင်မြို့တွင် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း ခါးပတ်မပတ်သည် မော်တော်ယာဉ်မောင်း ၈၀၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မော်လမြိုင်မြို့၊ အမှတ်(၁၂) ယာဉ်ထိန်းရဲ၊ ဒုရဲတပ်ဖွဲ့ခွဲမှူး ကျော်သူက ပြောကြားသည်။

ထိုင်ခုံး ခါးပတ်မပတ်သည် မော်တော်ယာဉ်မောင်းသူများကို မော်တော်ယာဉ်  ဥပဒေပုဒ်မ ၆၂ အရ တစ်ဦးလျှင် ဒဏ်ငွေ ကျပ် ၃၀၀၀၀ စီ ဒဏ်ငွေရိုက်ထားကြောင်း ၎င်းက ပြောဆိုသည်။

“ဒီလိုမျိုး အရေးယူမယ်ဆိုရင် ယာဉ်မောင်းတွေက ကားမောင်တဲ့အခါကျရင် ထိုင်ခုံခါးပက်ပတ်တဲ့ အကျင့်ဖြစ်လာတဲ့ပေါ့၊ အရေးယူမယ့်အပိုင်း မလုပ်ခင်မှလည်း ပညာပေးပြုလုပ်ခဲ့ပြီးဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။

ထိုင်ခုံးခါးပတ်မပတ်သည် ယာဉ်မောင်းများကို ယခုနှစ် ဇန်နဝါရီလ ၁ ရက်က စတင်ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မော်တော်ယာဉ် မောင်းရာတွင် ထိုင်ခုံခါးပတ်ခြင်းအားဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားလာပါက အရှေ့က နေကာမှန်နှင့် ခေါင်းမထိခိုက်မှုကို ကာကွယ် လာနိုင်ခြင်း၊ မသေသင်သည့်နေရာတွင် မသေနိုင်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

“အခုနောက်ပိုင်း ကားများသူတွေ တော်တော် မျာများက ခါးပတ်ပတ်လာကြပြီး၊ ဒါမှလည်း ကိုယ် အန္တရာယ် ကိုယ်ကာကွယ်ရာ ရောက်နိုင်မယ်”ဟု မော်လမြိုင်မြို့ရှိ ကားမောင်းသူ တစ်ဦးက ဆိုသည်။

မော်လမြိုင်မြို့တွင် ခါးပတ် မပတ်သည့် ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူရာ၌ ဇန်နဝါရီလတွင် ၂၂၄ဦး၊ ဖေဖော်ဝါရီလတွင် ၂၉၄ ဦး၊ မတ် ၁၀၁ ဦး၊ ဧပြီ ၉၇ ဦးနှင့် မေလတွင် ၈၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မော်လမြိုင်ြ်မို့ အမှတ်(၁၂) ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲမှူးရုံး မှတ်တမ်းများအရ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply