မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်ရွှေဈေးကွက်၌ အခေါက်ရွှေဈေးနှုန်းသည် နှစ်ပတ်အတွင်း ကျပ် ၂၀ဝ၀ဝ ကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မော်လမြိုင်မြို့၌ အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၈၆၅၀ဝ၀ ကျပ်ရှိရာမှ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ၈၉၀ဝ၀ဝ ကျပ်အထိ ကျပ် ၂၀ဝ၀ဝ ကျော် မြင့်တက်လာကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်အသင်းမှ ရွှေစစ်ဆေးရေး တာဝန်ခံ ဦးစိုးဝင်းက ပြောကြားသည်။

“ဒေါ်လာဈေး ပြန်လည်မြင့်တက်နေတဲ့အတွက် ရွှေဈေးကလည်း ပြန်လည် မြင့်တက်နေတယ်၊ ပြီးတော့ ကမာ့္ဘရွှေဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်းတွေက အပြိုင်အဆိုင် အားယူပြီး တက်နေတဲ့အတွက် ရွှေဈေးက တက်နေတယ်” ဟု ဦးစိုးဝင်းက ဆိုသည်။

ဗဟိုဘဏ်မှ ဒေါ်လာ ၁၃၆၀ ပေါက်ဈေး ဖွင့်လိုက်သည့် အတွက်ကြောင့်လည်း ဒေါ်လာဈေးများ မြင့်တက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့အတူ ရွှေဈေးများအပြင် တခြား ယိုးဒယားကုန်ပစ္စည်းများ၊ ပြည်တွင်း စားကုန်သောက်ကုန်များအားလုံး ဈေးနှုန်းများ တက်နေသည်ကိုလည်း တွေ့ရသည်ဟု ၎င်းက ထပ်မံပြောကြားသည်။

ဒေါ်လာဈေးမှာ ဇန်နဝါရီ ၂၆ ရက်နေ့က ၁၂၅၉ ဒေါ်လာရှိရာမှ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ၁၃၆၇ ဒေါ်လာအထိ မြင့်တက်လာကြောင်း ၎င်းက ရှင်းပြသည်။
“အမေရိကန်သမ္မတကလည်း စီးပွားရေးကို အမျိုးမျိုး ပြောင်းလဲနေတဲ့အတွက် ရွှေဈေးကတော့ ၉၀ဝ၀ဝ၀ ကျပ် အထိ မြင့်တက်လာနိုင်တယ်” ဟု ရွှေစစ်ဆေးတာဝန်ခံ ဦးစိုးဝင်းက ခန့်မှန်းပြောဆိုလိုက်သည်။

ကမ္ဘာ့ရွှေဈေးမှာ ဇန်နဝါရီ ၂၆ ရက်နေ့က တစ်အောင်စလျှင် ၁၂၁၂ ဒေါ်လာရှိရာမှ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် တစ်အောင်စလျှင် ၁၂၄၂ အထိ မြင့်တက်လာလျက်ရှိနေသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ ရန်ကုန်မြို့ရွှေဈေးမှာ အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၈၉၇၈၀ဝ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိသည်။

Written by – ခင်နန်းဌေး

Leave a Reply