( ဓါတ်ပုံ အညွန်း – နွားလှည်းဒုန်းပြေးပြိုင် ပွဲကို မော်လမြိုင် မြို့၊ သီရိမြိုင်နယ် မြေ၊ သရက်ကုန်းရပ်ကွက်တွင် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ကျင်းပနေပုံ )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၁ ။ ။ မော်လမြိုင် မြို့တွင် နှစ်ပေါင်း (၃၀)ကြာ ကျင်းပ နိုင်ခြင်း မရှိသော နွားလှည်းဒုန်းပြေးပြိုင် ပွဲကို သီရိမြိုင်နယ် မြေ၊ သရက်ကုန်းရပ်ကွက်တွင် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ပြန်လည်ကျင်းပခဲ့ကြောင်း ယင်းပြိုင်ပွဲစီစဉ် သူ ဦးအေးမောင်က ပြောကြားသည်။

( ဓါတ်ပုံ အညွန်း  – နွားလှည်းဒုန်းပြေးပြိုင် ပွဲကို မော်လမြိုင် မြို့၊ သီရိမြိုင်နယ် မြေ၊ သရက်ကုန်းရပ်ကွက်တွင် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ကျင်းပနေပုံ )
( ဓါတ်ပုံ အညွန်း – နွားလှည်းဒုန်းပြေးပြိုင် ပွဲကို မော်လမြိုင် မြို့၊ သီရိမြိုင်နယ် မြေ၊ သရက်ကုန်းရပ်ကွက်တွင် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ကျင်းပနေပုံ )
၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယင်းပြိုင်ပွဲပြန်လည် ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လယ်သမားတွေကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည်ထောင်စုနေ့ကို ဖြတ်သန်းစေချင်လို့၊ ပြီးတော့ စက်မှုလယ်ယာ လုပ်နေပေမယ့် ခိုင်းနွားမလွတ်သေးဘူး၊ ခိုင်းနွားရဲ့ကြံ့ခိုင်မှုကို ဖော်ဆောင်တဲ့အနေနဲ့ လုပ်ပေး တာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ နွားလှည်းပြိုင်ပွဲကိုနွားလှည်း ရှစ်စီး ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားသော်လည်း သီရိမြိုင်၊ ကျောက်တန်း၊ မုပွန်၊မုယောင်း၊ပွတ်သလူးကုန်းကျေးရွာ ငါးရွာမှ ပြိုင်ပွဲဝင် နွားလှည်း ခြောက်စီးသာ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်း ဦးအေးမောင်က ပြောသည်။

ပြိုင်ပွဲကို အုပ်စု (က) နှင့် (ခ) ရှုံးထွက်ပြိုင်ပွဲဖြစ်ပြီး အကွာအဝေးမှာ အလံ ၁၀၀၊ (ပေ ၆၀ဝ) ဖြစ်ကြောင်း၊ ဆုကြေးမှာ ပထမဆု တစ်သိန်း နှင့် ဒုတိယဆု ငါးသောင်း ချီးမြှင့်မည်ဖြစ်ကြောင်း အဆိုပါ ပြိုင်ပွဲစီစဉ်ကျင်းပ သူများ ထံမှသိရှိရသည်။

လာမည့် နှစ်များတွင် ပြည်နယ်အဆင့် နွားလှည်းပြိုင်ပွဲသာမက နွားအလှပြိုင်ပွဲများပါ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ နွားလှည်းပြိုင်ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်သူများထံမှ သိရသည်။

ယခင်က မွန်ပြည်နယ်တွင်လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့ စသည့် နိုင်ငံအဆင့် အထိမ်းအမှတ်နေ့များတွင် နွားလှည်း ဒုန်းပြေးပြိုင်ပွဲ ၊လှည်းယဉ် အလှပြပြိုင်ပွဲ ၊နွားအလှပြ ပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

Leave a Reply