Advertisements

မော်လမြိုင်၊ စက်တင်ဘာ ။        ။ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးတွင် ဆေးဝါးအတုများ ရောင်းချခြင်း ရှိ မရှိကို Interpol စီမံချက်ဖြင့်စက်တင်ဘာ ၁၈ ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။

ဆေးဝါးအတုတိုက်ဖျက်ရေး Interpol စီမံချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် မှုခင်း စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ Criminal Investigation Department (CID) ၊ ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်း၍ စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသို့စစ်ဆေးရာ(CID) မှ ကြိုတင် သတင်းယူထားသည့်ဆေးဆိုင် ငါးဆိုင်တွင် မြန်မာနိုင်ငံ၌ မှတ်ပုံမတင်ထားသည့် ဆေးဝါး ရောင်းချခြင်း ရှိ မရှိ၊ ဆေးဝါးတုအဖြစ် ကြေညာထားသည့် ဆေးဝါးများ ရောင်းချ ခြင်း ရှိ မရှိကို ဦးစားပေး စစ် ဆေးခဲ့ပြီး၊ ကျန်ဆေးဆိုင် အားလုံးကိုလည်း ဈေးကွက်ထောက်လှမ်းခြင်း ပုံစံဖြင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က အရင်ဆုံး နမူနာဝယ်ထားတဲ့ ဆိုင်တွေကိုသွားတယ်၊ ထူးထူးခြားခြားအနေနဲ့ ဝယ်ထားတဲ့ ဆေးဝါးတွေ ဆိုင်မှာမတွေ့ရဘူး”ဟု ဒေါက်တာ စိုးနိုင်က ဆိုသည်။

သို့သော်လည်း ဆေးဆိုင်တစ်ဆိုင်၌ တိရစ္ထာန်များအတွက် သုံးသည့် ဗွီတာမင်ဘီဘားပလက်အားဆေးအလုံး၂၀၀၀ကျော်ကို တွေ့ရှိခဲ့ခြင်းကြောင့် ပစ္စည်းသိမ်းဆည်းပြီး ခံဝန်လက်မှတ်ထိုးခိုင်းစေခဲ့ကြောင်း ၎င်းင်းက ပြောဆိုသည်။

ထိုင်းနိုင်ငံထုတ် အဆိုပါအားဆေးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော်လည်း လူကိုအန္တရာယ်မပြုနိုင်ခြင်းကြောင့် စီမံခန့်ခွဲမှုနည်းဖြင့်သာ အရေးယူခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

“ဆိုင်တွေ အားလုံးကိုတော့ စစ်သွားတယ်။ ကျွန်မတို့ဆိုင်မှာ မှတ်ပုံတင်ထားတဲ့ ဆေးပစ္စည်းတွေပဲ ရောင်းချတယ်” ဟု မော်လမြိုင် အမှတ် (၁) ဈေးမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ဆေးဝါးအတုများမှာ မူရင်းဆေးထက် ရာခိုင်နှုန်းပါဝင်မှုလျော့နည်းခြင်း၊ ဂုဏ်သတ္တိ မပြည့်ဝခြင်း၊ အာနိသင် နည်းပါးခြင်းတို့ကြောင့် ရောဂါကုကြည့်တာတို့ အတည်ပြုတာ တို့ ပိုပြီးတော့ တိုးတက်ကောင်း မွန်လာအောင်လုပ်ပေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဆေးဝါးအတုများမှာ မူရင်းဆေးထက် ရာခိုင်နှုန်းပါဝင်မှုလျော့နည်းခြင်း၊ ဂုဏ်သတ္တိ မပြည့်ဝခြင်း၊ အာနိသင်နည်းပါးခြင်းတို့ကြောင့် ရောဂါကုသသည့်နေရာ၌ ထိရောက်မှုမရှိသည့်အပြင် မလိုအပ်သော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါက်တာ စိုးနိုင်က ပြောသည်။

ဆေးဝါးအတုတိုက်ဖျက်ရေး Interpol စီမံချက်သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် လိုက်လံစစ်ဆေး လျက်ရှိပြီး ယခုအကြိမ်မှာ ၁၀ကြိမ်မြောက် ရှာဖွေဖော်ထုတ်မှုဖြစ်သည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply