မော်လမြိုင်၊ ဖေဖော်ဝါရီ ၈ ။ ။ မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ မြေနီကုန်းကားဝင်း တိုက်ခန်းအမှတ် D (8) တွင် မှုးယစ်ဆေးဝါးများဝင်ရောက် ရှာဖွေရာ မှ ပစ္စတို သေနတ် တစ်လက်ဖမ်းဆီးရမိ ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကားဝင်း အတွင်း ဖေဖော်ဝါရီ ရ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့် တွင် မှုးယစ်ဆေးဝါး နှင့် ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းရှာဖွေ ရာ အဆိုပါသေနတ်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေနတ်ကို မြေနီကုန်းကားဝင်းရှိ ဦးကျော်စိုးလွင်၏ တိုက်ခန်း အတွင်း ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

ဦးကျော်စိုးလွင်သည် အနောက်ဂျာမနီနိုင်ငံထုတ် WALTHER အမှတ်တံဆိပ်ပါ Model-PP Cal 7.65mm အမျိုး အစား၊ ကျည်ကပ်အတွင်း ကျည်မပါသော ပစ္စတိုသေနတ်တစ်လက်ကိုနေအိမ်အပေါ်ထပ် ဘုရားစင် အနောက် ဘက်တွင် စက္ကူဗူးဖြင့် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း ဒိုင်းဝန်းကွင်းနယ်မြေ ရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောကြားသည်။
hlaing-qtr-illegal-gun
စိတ်ကြွမှုးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော ကရင်ပြည်နယ်၊ ဘားအံမြို့နေသူ ဦးအောင်ဇော်ထက် (ခ) ဇော်ထက်ကို စစ်မေးရာ ကားအရောင်းအဝယ်ပြုလုပ်စဉ် မြေနီကုန်းကားဝင်းတွင်နေထိုင်သည့် ဦးကျော်စိုးလွင်မှ ငွေမပေးနိုင်သဖြင့် စိတ်ကြွမူးယစ်ဆေးပြား ၁၃၀ ပြားပေးခဲ့ကြောင်း ထွက်ဆိုရာ မှ ဦးကျော်စိုးလွင်ကို စုံစမ်းရှာဖွေ ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းတာဝန်ရှိသူများ ကပြောကြားသည်။

ဦးအောင်ဇော်ထက် ၏ ထွက်ဆိုချက်များ အရ ဘားအံမြို့မစခန်းနှင့် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း တို့ ပူးပေါင်း ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါကိစ္စနှင့် ပက်သတ်၍ တရားမဝင်လက်နက်ကိုင်ဆောင်သူ ကျော်စိုးလွင်ကို ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ လက်နက်ဥပဒေ ပုဒ်မ – ၁၉ (စ) အရ အရေးယူဆောင်ရွက်ထားကြောင်း ယင်း နယ်မြေရဲစခန်းမှ သိရသည်။

Leave a Reply