Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ မြန်မာ့အာမခံလုပ်ငန်း၌ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သူတစ်ပါး ထိခိုက်မှု ပရီယာကြေး တင်ပြတောင်းခံလာသူ မှာ ယခုတစ်နှစ်လုံးတွင်မှ ငါးဦးသာ ရှိခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်တာဝန်ခံ ဦးအောင်ဟိန်းကျော်ထံမှ သိရသည်။

ယခုဘဏ္ဍာရေးနှစ်စ ဧပြီလမှ နိုဝင်ဘာလအတွင်း မော်လမြိုင်မြို့နယ်မှ နှစ်ဦး၊ မုဒုံမြို့နယ်မှ သုံးဦးသာ လာရောက်တောင်းခံခြင်း ရှိကြောင်း ၎င်းက ပြောသည်၊၊

Advertisements
data-language="en"

“အခုထိတော့ ဒီကာလထဲမှာ ငါးဦးဆိုတော့ ရာခိုင်နှုန်းအားဖြင့် နည်းနေတယ်။ မတောင်းကြဘူးပေါ့။ မသိကြတာလည်းပါတယ်။ ၁၀ ယောက်ဖြစ်ရင် တစ်ယောက်ပဲ လာတောင်းကြတယ်ပေါ့။ နောက်တစ်ခုကရုံးတွေဘာတွေ မလာချင်ကြဘူး” ဟု ၎င်းက ဆိုသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်အပေါ် သုံးသပ်၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့် လျော်ညီပါက လျော်ကြေးငွေအဖြစ် သေဆုံးသူတစ်ဦးလျှင် ကျပ် ၁၀ သိန်းထိ ပေးအပ်ရမည်ဖြစ်ပြီးဒဏ်ရာရရှိသူများကိုမူ ဒဏ်ရာအချိုးအစားပေါ်မူတည်၍ သတ်မှတ်နှုန်းထားအတိုင်း အဆင့်ဆင့် လျော်ကြေးပေးအပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၌ ယင်းသို့ အာမခံကြေး၊ နစ်နာကြေး လာရောက်တင်ပြတောင်းခံသူအရေအတွက် နည်းပါးနေခြင်းမှာ လျော်ကြေးပေးအပ်နိုင်ရန် လုံလောက်သည့်အထောက်အထားမပြည့်စုံသော ပြဿနာရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ပြည်သူများအနေဖြင့် အာမခံလုပ်ငန်းများအကြောင်း ကျယ်ပြန့်စွာ သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲများ အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

မွန်ပြည်နယ်တွင် ယခုနှစ်စမှ နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၈၂၀ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၈၉ ဦး၊ ဒဏ်ရာရရှိသူ ၁၄၃၅ ဦးထိရှိခဲ့ကြောင်း မွန်ပြည်နယ် အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းအရ သိရသည်။

Written by ဂေထော

Leave a Reply