မော်လမြိုင်၊ မေ။        ။ မော်လမြိုင်မြို့ ရွေဈေးကွက်အတွင်း  ကမ္ဘာရွေဈေးနှုန်းများ မြင့်တက်နေခြင်းကြောင်း မေလ ၁၈ ရက်တွင် အခေါက်ရွေဈေးနှုန်းများ ကျပ်ကိုးသိန်းအထိ  ပြန်လည် မြင့်တက်လာခဲ့ကြောင်း မွန်ပြည်နယ် ရွေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အခေါက် ရွှေဈေးနှုန်းသည် ယခင်ပတ်က တစ်ကျပ်သားလျှင် ၈၉၀၀၀၀ ကျပ်သာ ရှိခဲ့ရာမှ မေ ၁၉ ရက်တွင် ၉၀၀၀၀၀ ကျပ်အထိ ပြန်လည် မြင့်တတ်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကမ္ဘာရွေဈေးတွေ ပြန်ကျရင် ရွေဈေးတွေလည်း ပြန်ကျမယ်၊ ရွေဈေးက ကမ္ဘာရွေဈေးနှုန်းပေါ်မှ မူတည်တယ်”ဟု ၎င်းက ဆိုသည်။

အခေါက်ရွေဈေးနှုန်းများ ပြန်လည် မြင့်တတ်လာခြင်းကြောင့် အရောင်းအဝယ် ပြုလုပ်သူများ ပိုမိုများပြားလာခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာရွေဈေးမှာမူ ယခင်အပတ်က တစ်အောင်စလျှင် ၁၂၄၀ ဒေါ်လာရှိရာမှ မေလ ၁၈ ရက်နေ့တွင် တစ်အောင်စလျှင် ၁၂၅၀ ဒေါ်လာအထိ ပြန်လည်မြင့်တက်နေကြောင်း မွန်ပြည်နယ် ရွေလုပ်ငန်းအသင်းများထံမှ သိရသည်။

ရန်ကုန်မြို့တွင် မေ ၁၈ ရက်က အခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားလျှင်  ၉၀၈၀၀၀ ကျပ်အထိ ပေါက်ဈေးရှိသည်။

Written by – ခင်နန်းဌေး

Leave a Reply