မော်လမြိုင်၊ မတ် ၅ ။ ။ မွန်ပြည်နယ်အတွင်း ခေတ်မီနည်းပညာများကို စိတ်ဝင်စားသူများအတွက် သတင်း အချက်အလက်နည်း ပညာများ မျှဝေပေးခြင်းကို မော်လမြိုင်မြို့၊မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ်ခန်းမ တွင် မတ်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါ အစီအစဉ်ဖြစ်မြောက်ရေး ဦးဆောင်သူ နိုင်စဝေါမွန်က ပြောကြားသည်။

အင်တာနက်အသုံးပြုနည်း ၊ ဓာတ်ပုံနှင့် ဗီဒီယိုဆိုင်ရာ ဒစ်ဂျစ်တယ်မီဒီယာအကြောင်း (Digital Media Work Photography and Videography)၊ ခေတ်မီပစ္စည်းများ ရွေးချယ်ထိန်းချုပ်အသုံးပြုခြင်း၊ ကွန်ပျုတာအသုံးပြုသူ များ အခြေခံနှင့် အရေးကြီးသည့် Software(နည်းပညာများ)၊ Application and Software ပြုလုပ်ခြင်း တို့အပါအဝင် Digital နှင့် မွန်စာများ စသည်တို့ကို မျှဝေဆွေးနွေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလိုလုပ်တာကောင်းပါတယ် ။ကျွန်တော်တို့ လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့နည်းပညာဖြစ်တယ်။ မသိသေးတဲ့အချက်ကို ဘယ်လိုရှာဖွေရမလဲဆိုတာလည်းသိသွားတယ်။ သိပြီးသားအချက်ကိုလည်း ပိုပြီးသိသွားတာပေါ့” ဟု မော်လမြိုင်မြို့တွင် နေထိုင်သည့် အသက်နှစ်ဆယ်ကျော်အရွယ် သတင်းနည်းပညာ ဝါသနာပါသူ အမျိုးုသားတစ်ဦးက ပြောသည်။

ထို့ပြင် ဆွေးနွေးပွဲတက်ရောက်လာသူများ သည် နည်းပညာနှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမိုသိရှိ လိုပါက ပညာရှင်များထံသို့ ဆက်သွယ်၍အကူညီတောင်းခံနိုင်ကြောင်း အဆိုပါပွဲတွင် သတင်းအချက် အလက် နှင့်နည်းပညာအကြောင်း ဟောပြောသူ နိုင်တလချမ်းက ပြောသည်။

သတင်းအချက််အလက်နည်းပညာများနှင့်ဆက်စပ်၍ သိရှိသည်များကို တင်ပြခြင်း၊ သုတေသနပြုလုပ် ရှာ ဖွေခြင်း နှင့် ဝါသနာပါသူများကို လမ်းဖွင့်ပေးခြင်း၊ မွန်လူမျိုးများအတွက် နည်းပညာများနားလည်မှုကို မြှင့်တင်ပေးခြင်းဖြစ်ပြီး ဝါသနာရှိသူများက စိတ်အား ထက်သန်စွာ သင်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါပွဲ ကျင်းပသူများထံမှ သိရသည်။

Leave a Reply