(ဓါတ်ပုံ အညွှန်း – မော်လမြိုင်တွင်ပြေးဆွဲနေသော City Taxi မော်တော်ယာဉ်များ)

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၅ ။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်တွင်း၊ ပြည်ပ ခရီးသည်များ သွားလာရေး အဆင်ပြေစေရန်အတွက် (City Taxi) အငှားယာဉ်များစတင် ပြေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါ အငှားမော်တော်ယာဉ်အသင်း ယာယီ ဂိတ်မှူး ဦးသန့်ဇော်မြင့်က ပြောသည်။

“အခုကျွန်တော်တို့ စပြီးဖွဲ့စည်းတုန်းပဲ ရှိသေးတယ်၊ ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိန်း ကြီးကြပ်ရေး ကော်မတီ (ယထက)ဦးစီးမှုရဲ့အောက်မှာရှိတယ်၊ အရင်တုန်းက ဆိုင်ကယ်တွေပဲ ငှားပြီး သွားလာရတယ်၊ အခုနောက်ပိုင်းမှာဆို ကားတွေလည်း ငှားလို့ရပါပြီ၊ စ စဆွဲခြင်းမှာ လေးစီးလောက်ပဲရှိတယ် အခုဆို ၁၄ စီးလောက်ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်တွင်ပြေးဆွဲနေသော City Taxi မော်တော်ယာဉ်များ)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်တွင်ပြေးဆွဲနေသော City Taxi မော်တော်ယာဉ်များ)

City Taxi အငှားယာဉ်များကို မြေနီကုန်းအဝေးပြေးကားဂိတ်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အလှည့်ကျစနစ်ဖြင့် ပြေးဆွဲနေ ကြောင်း City Taxi ယာဉ်မောင်း ဦးဘုန်းမြင့်က ပြောသည်။

“မြို့တွင်း သွားလာမယ်ဆိုရင် အနည်းဆုုံး ၂၀၀၀ ကျပ်မှ အကွာအဝေးပေါ်မူတည်ပြီး တွက်ယူပါတယ်။ မြို့ပြင်ဆိုရင်လည်းအကွာအဝေးပေါ်တွင် မူတည်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

(City Taxi) အငှားမော်တော်ယာဉ်အသင်းတွင် Pro box ၊ AD ၊ Hi jet စသည့် မော်တော်ယာဉ် များဖြင့် ပြေးဆွဲ ပေးနေပြီး ခရီးသည်များအနေနှင့် ဖုုန်းဖြင့်ဆက်သွယ်ကာ ငှားရမ်းနိုင်ကြောင်း အဆိုပါ မော်တော် ယာဉ်အသင်းမှ သိရသည်။

Leave a Reply