ဓာတ်ပုံ - နတ်သား

 

မော်လမြိုင် မေ ၁၇

မော်လမြိုင်ထောင်ပိုင် နှင့် ဒုတိယထောင်ပိုင် အပါအဝင် ထောင်အရာရှိများ ဖမ်းဆီးခံရသည်ဟု ဆိုသော သတင်းများမှာ မဟုတ်မမှန်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းဗိုလ်နောင်က ပြောကြားသည်။

မေလ ၁၇ ရက်နေ့တွင် လူမှုကွန်ရက်သုံးစွဲသူများကြား မော်လမြိုင် ထောင်ပိုင် ၊ ဒုတိယထောင်ပိုင် နှင့် အရာရှိများ အရေးယူခံရသည် ဆိုသည့် သတင်းများ ပြန့်နှံ့လျက် ရှိသည်။

ယင်းကိစ္စမှာ ၂၀၁၆ ခုနှစ်က မော်လမြိုင် ထောင်တွင်းဖြစ်ပွားခဲ့သော ကိစ္စကို ပြန်လည်ပြောဆိုနေခြင်းသာဖြစ်ကြောင်း မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းဗိုလ်နောင်က ဆိုသည်။

၂၀၁၆ ဇွန်လပိုင်းက (မော်လမြိုင်) ကျိုက်မရော အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများထံမှ မူးယစ်ဆေးဝါးများ စစ်ဆေး တွေ့ရှိခဲ့မှုကြောင့် ထောင်ပိုင်၊ ဒု ထောင်ပိုင်နှင့် တာဝန်ရှိသူများကို ထောင်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေးတို့တွင် အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ် ဖြစ်ပွားခဲ့မှုကြောင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဟင်္သာ မီဒီယာ

Leave a Reply