မွန်ပြည်နယ်၊ မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် ကော်မတီ ကို ဇူလိုင်လ ၁၁ ရက်နေ့က ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ ကျောင်းသားများသမဂ္ဂအဖွဲ့မှ သိရသည်။

Tusu copy

အဆိုပါ အလုပ်အမှုဆောင်ကော်မတီအား ကျောင်းသားများတစ်ညီတစ်ညွှတ် ဆောင်ရွက်နိုင်စေရန်၊ အသိပညာများတိုးတက်လာစေရန် ရည်ရွယ်၍ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အလုပ်အမှုဆောင် ဥက္ကဋ္ဌ ကိုဘုန်းမြတ်မိုးက ပြောသည်။

အလုပ်အမှုဆောင် ကော်မတီအား ပြင်ဆင်ဖွဲ့စည်းပြီးနောက် အာဇာနည်နေ့တွင် အလေးပြုအခမ်းအနားများ တက်ရောက်ရန်အတွက် ကျောင်းသားများကို လက်ကမ်းစာစောင်များဖြန့်ဝေမှုများလည်း ဆောင်ရွက်လျက်ရှိ ကြောင်း ၎င်းက ဆိုသည်။

ယခင် အစိုးရလက်ထက်တွင် နည်းပညာကျောင်းသား သမဂ္ဂများအနေဖြင့် အာဇာနည်နေ့ အခမ်းအနားတွင် အလေးပြုရန်ခက်ခဲပြီး ယခုအစိုးရလက်ထက်တွင် ကျောင်းသား သမဂ္ဂများ အာဇာနည်နေ့ အလေးပြုပွဲ အခမ်းအနား တွင် တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် ပြင်ဆင်ဖွဲ့စည်းရာတွင် ကိုဘုန်းမြတ်မိုးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများနှင့် အခြားသောအဖွဲ့ဝင်များ ပါရှိကြောင်း အဆိုပါ ကျောင်းသားများသမဂ္ဂအဖွဲ့မှ သိရသည်။

Photo = Mawlamyine Technological University Students’ Union

Leave a Reply