မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်အတွင်းဖြစ်ပွားသည့် မုဒိမ်းမှုတွင် မော်လမြိုင်နှင့် ရေးမြို့နယ်တို့၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မေ ၁ ရက်မှ ၂၈ ရက်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတွင် မော်လမြိုင် လေးမှု၊ ရေးသုံးမှု၊ ကျိုက်ထို တစ်မှု၊ သထုံ
တစ်မှု၊ ကျိုက်မရောတွင် တစ်မှု၊ မုဒုံမြို့နယ်တွင် တစ်မှုစီ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ပေါင်၊ ကျိုက်မရော၊ချောင်း ဆုံမြို့နယ်တို့တွင်မူ ဖြစ်ပွားခဲ့ခြင်း မရှိပေ။

“မော်လမြိုင်နဲ့ရေးမှာတော့ အများဆုံး ဖြစ်နေတာပဲ၊ မြို့ပေါ်မှာထက် ကျေးရွာဘက်တွေမှာ ပိုဖြစ်တယ်၊ အသိပညာ၊ ဗဟုသုတ နည်းတာလည်း ပါတာပေါ့၊ တတ်နိုင်သလောက်လည်း ပညာပေးကာလတွေကို လုပ်ဆောင်နေတယ်” ဟု အဆိုပါရုံးမှ တပ်ကြပ်ကြီး ခင်ဇော်ဝင်းက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

လူသတ်မှုတွင် ရေး သုံးမှု၊ သံဖြူဇရပ် တစ်မှု၊ မော်လမြိုင်တစ်မှုနှင့် ဘီးလင်းမြို့နယ် ၁မှုဖြစ်ပွားခဲ့ပြီး ကျန်မြို့နယ်၌ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ ပြည်နယ်ရဲတပ်ဖါဲ့မှလည်း မှုခင်းကျဆင်းရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး မြို့နယ်မှတစ်ဆင့် ကျေးရွာအလိုက် မှုခင်းပြခန်း ရွေ့လျားယာဉ်များဖြင့် အသိပညာပေးခြင်း များလုပ်ဆောင်နေကြောင်း တပ်ကြပ်ကြီးခင်ဇော်ဝင်းက ပြောသည်။

“မိဘတွေကလည်း လက်လုပ်လက်စားတွေ ဖြစ်တော့ သားသမီးတွေကို ပစ်ထားရလို့ မုဒိမ်းမှု အဖြစ်များနေတာ” ဟုမော်လမြိုင်မြို့မှ မေတ္တာဆုံဆည်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီသီနွယ်ကဆိုသည်။

ထို့အပြင် မုဒိမ်းမှုများကျဆင်းလာရေးအတွက် တရားစီ ရင်ရေး အပါအဝင် လွှတ်တော်နှင့် အစိုးရအဖွဲ့များကလည်း ထိထိရောက်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိသေးသည့်အပြင် မိဘများ၏ ပူးပေါင်းပါဝင်မှု လည်းအားနည်းနေသေးကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ယခင်နှစ်က အမှုပေါင်း ၁၃၆ မှု ဖြစ်ပွားခဲ့ကာ လူသတ်မှု ၅၄ မှုနှင့် မုဒိမ်းမှု ၆၁ မှု ရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးစာရင်းအရသိရသည်။

Written by ထိုက်ထိုက်

Leave a Reply