မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ထောက်ခံကြိုဆိုပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဇော်ထွန်းက ပြောသည်။

Mon-peace
“အဓိကရည်ရွယ်ချက်ကတော့ လက်ရှိအစိုးရကနေပြီးတော့ ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲမှာ အထင်ကရဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ပြည်ထောင်စုညီလာခံကြီးကို ပထမအကြိမ်ကျင်းပပြုလုပ်ပြီးစီး နိုင်ခဲ့တဲ့ဟာ ကျွန်တော်တို့ ဂုဏ်ပြုခဲ့တဲ့ဟာပဲဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးက ကာလအပိုင်းအခြားအနေနှင့် ဆောင်ရွက်တာမဟုတ်ဘဲ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ဖြစ်စဉ်တစ်ခုကို အစပျိုးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဒီလိုမျိုးအခမ်းအနားကို လုပ်ခြင်းအားဖြင့် ပြည်သူလူထုတွေ နိုင်ငံတော်မှာ ငြိမ်းချမ်းရေးလုပ်တဲ့ဟာက ဘယ်လို အဆင့်တွေ ရောက်နေလဲ၊ ဘယ်လိုအနေအထားတွေ ရောက်နေပြီး၊ ပြည်သူလူထုကလည်း ဘယ်လိုပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ဒီငြိမ်းချမ်းရေးကို ပိုမိုပြီးတော့ အောင်မြင်လာနိုင်လိမ့်မယ်လို့ဆိုတာကို သူတို့သိလာ မယ်လို့ ကျွန်တော်တို့ထင်ပါတယ်”ဟု ၎င်းက ထပ်မံပြောဆိုသည်။

မော်လမြိုင်မြို့တွင် ငြိမ်းချမ်းရေးညီးလာခံ ထောက်ခံကြိုဆိုပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး အင်အား နှစ်ထောင်ခန့် ဖိတ်ကြားထားကြောင်း သိရသည်။

Leave a Reply