မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နွေရာသီကျောင်းပိတ်သည့် ကာလများအတွင်း လူငယ်များအတွက် အခြေခံ ကီးဘုတ်တီးခတ်နည်း သင်တန်းနှင့် အဆိုပညာရပ်ဆိုင်ရာ သင်တန်းများကို ဧပရယ်လအတွင်း သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း အဆိုပါသင်တန်းပြုလုပ်ရန် စီစဉ်နေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သင်တန်းကို အခမဲ့ သင်ကြားပေးသွားမှာပါ၊ ကီးဘုတ်အခြေခံ တီးခတ်နည်းရယ် အဆိုပညာ သင်ကြားနည်း စတာတွေကို သင်ကြားပေးသွားဖို့ စီစဉ်ထားပါတယ်”ဟု အဆိုပါအဖွဲ့မှ ဦးကျော်သန်းက ပြောဆိုသည်။

မော်လမြိုင်မြို့ရှိ ဂီတနှင့် ပတ်သက်သော မျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာရန်နင့် ပြည်နယ်ဂုဏ်ဆောင် ဂီတပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ်မှာတော့ သင်တန်းကာလ ဘယ်လောက်ထိ သင်ကြားပေးမယ်ဆိုတာ မသတ်မှတ်ရသေးဘူး၊ သင်တန်းဆရာနဲ့ ညှိနှိုင်းနေတုန်းပါ၊ ညှိနှိုင်းပြီးတဲ့အခါမှ ဘယ်သင်တန်းကိုတော့ ဘယ်လောက် သင်ကြားပေးမယ်၊ သင်တန်းသား ဘယ်လောက်လက်ခံမယ်ဆိုတာတွေ ထပ်ပြီးတော့ အသေးစိတ် ဖော်ပြပေးသွားမှာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

အခြေခံကီးဘုတ် တီးခတ်နည်း၊ အဆိုပညာပိုင်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ သင်တန်းဆရာများနှင့် သင်ကြားပေးသွားရန် စီစဉ်လျက်ရှိပြီး တက်ရောက်သင်ကြားလိုသူများအနေဖြင့် မောင်ငံရပ် အောင်ချမ်းသာ (၁) လမ်းထိပ်၊ အမှတ် (၁၂၅/A) တွင် လာရောက် စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Written by – ဟိန်းထက်

Leave a Reply