Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

မော်လမြိုင်မြို့နယ်၊ ရွာသစ်ရွာတွင် လွန်ခဲ့သော၂၀၁၅ ခုနှစ်အတွင်း အသက် ၁၀ နှစ်အရွယ်က သားမယားပြုကျင့်ခံခဲ့ရဖူးသည့် မိန်းကလေးငယ်(ယခုလက်ရှိ ၁၃ နှစ်) ကို လွန်ခဲ့သော ရက် ၂၀ ကျော်ခန့်က တစ်အိမ်တည်းအတူနေသည့် ခဲအိုဖြစ်သူက ထပ်မံ၍ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါကလေးမမှာ လွန်ခဲ့သော ၅ ရက်ခန့်က အစ်မဖြစ်သူနှင့်အတူ နေအိမ်အတွင်း၌ အိပ်နေစဉ် အစ်မ၏ ခင်ပွန်း အောင်ထွန်း၏ သားမယားအဖြစ် ပြုကျင့်မှု ခံခဲ့ရကြောင်း၊ အဒေါ်ဖြစ်သူ၏ နေအိမ်သို့ ဖေဖော်ဝါရီ ၃ ရက်နေ့က လာရောက် ပြောဆိုခဲ့သဖြင့် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

Advertisements
data-language="en"

“အဒေါ်ဖြစ်သူကလည်း တူမလေးပြောပြတဲ့ စကားကိုကြားလိုက်တော့ မိသားစု အရှက်ရမှာကို စိုးရိမ်ပြီး ဘယ်သူကိုမှ မတိုင်ကြားရဲခဲ့ဘူးပေါ့။ အရင်ကလည်း အခုလိုမျိုးဖြစ်ထားဖူးတယ်ဆိုရင် အရမ်းရှက်လို့ နေမှာ။ အမျိုးသမီးငယ်ရဲ့ ရှေ့ရေးအတွက် စဉ်းစားပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မြိုင်သာယာနယ်မြေရဲစခန်းကို သွားရောက်တိုင်ကြား အမှုဖွင့်ခဲ့တယ်” ဟု မေတ္တာဆုံဆည်းအဖွဲ့မှ ဦးသက်ထွန်းက ပြောသည်။

ပြစ်မှုကျူးလွန်သူ အောင်ထွန်းက အမျိုးသမီးငယ်၏ ရင်သားနှင့် ခန္ဓာကိုယ်ကို ကိုင်တွယ်ပွတ်သပ်ကာ သားမယားအဖြစ် ည ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီခန့်တွင် တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် ပြောပြချက်အရ သိရသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော်တုန်းကလည်း ဒီလိုဖြစ်စဉ်မျိုး ကလေးမ အသက် ၁၀ နှစ်အရွယ်မှာ ဖြစ်ခဲ့ထားဖူးတော့ ဒီကလေးမရဲ့ လုံခြုံမှုကို စိတ်ပူရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့က ဒီကလေးမရဲ့ လုံခြုံမှုအတွက် လူမှုဝန်ထမ်းကိုုအပ်ထားချင်တယ်”ဟု ဦးသက်ထွန်းက ပြောဆိုသည်။

အမျိုးသမီးငယ်အား သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသူ အောင်ထွန်းကို မြိုင်သာယာနယ်မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၁/ ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲအုပ်တင်ထွန်းဦးက ဆိုသည်။

ယင်းမိန်းမငယ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၇ ရက် ည ၈ နာရီကျော်ခန့်က သားမယားပြုကျင့်ခဲ့သည့် သောင်းတင်ဌေး (ခ) ကုလားကြီး ဆိုသူကို ၂၀၁၆ ခုနှစ်၊ မတ်လ၊ ၂၈ ရက်နေ့၌ မော်လမြိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Written by ခေတ်မင်း

Leave a Reply