မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မော်လမြိုင်မြို့နယ်အတွင်းရှိ ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်း ပြုလုပ်နေခြင်းများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။

gambling

ပွဲလမ်းသဘင်များမှ လောင်းကစားဝိုင်းများကို အရေးယူရန် ပြီးခဲ့သော နိုဝင်ဘာ ၄ ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် ညွှန်ကြားထားပြီးဖြစ်၍ ပထမအကြိမ် တွေ့ရှိက ထပ်မံမပြုလုပ်ရန် တားမြစ်မည်ဖြစ်ပြီး လိုက်နာမှုမရှိဘဲ လောင်းကစားဝိုင်း ပြုလုပ်နေပါက အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူး အစည်းအဝေးမှာ အဲဒါချပြလိုက်တယ်။ ဒါလေးတွေ လက်ခံလို့မရဘူး။ လုံးဝ လက်မခံဘူး။ လုပ်လို့ရှိရင်လည်း တွေ့ရင်ဖမ်းမယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ပွဲလမ်းသဘင် ကျင်းပခွင့် ခွင့်ပြုမိန့် လာရောက် လျှောက်ထားကတည်းကပင် လောင်းကစားဝိုင်းများ မပြုလုပ်ရန် ခံဝန်လက်မှတ်များ ထိုးခိုင်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နှစ်စဉ်နှစ်တိုင်း ပွဲပေးသည့် ပါမစ်ထဲတွင် လောင်းကစားဝိုင်းများ မပြုလုပ်ရန်၊ ခွင့်မပြုရန် စည်းကမ်းချက်များ ထုတ်ထားပြီးသား ဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်ဦးစ၊ နှစ်ဦးစ ပြုလုပ်နေသည်ကို သတိထားမိသဖြင့် တားမြစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

Wrtitten by – ကြည်ကို

Leave a Reply