မော်လမြိုင် ဧပြီ ၂၅

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရေပိုင်းကျေးရွာဖြစ်သော ဖဲထောရွာ(ကော့လှာကျေးရွာအုပ်စု)သူ၊ရွာသား-ကိုးဦးအပေါ် အုပ်ချုပ်ရေးမှူးအဆက်ဆက်က လယ်ယာမြေဧက-၁၂၀ခန့်ကိုမတရားသိမ်းယူ၊ ရောင်းစား၊ လက်ငုတ် အပိုင် လုပ်ထားခြင်းတို့အပေါ် မကျေနပ်၍ဧပြီ-၂၂ရက်နေ့လယ်ပိုင်းက ယင်းရွာရှိတောင်သူတစ်ဦး၏နေအိမ်၌သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“ ကျွန်မတို့မြေကိုပြန်တောင်းတယ်၊၃-ခါရှိပြီး၊မရဘူး၊ကျွန်မတို့လျှောက် တဲ့အခါကျတော့တောင်သူလယ်သမားကိုသူတို့မပေးဘူး၊သူတို့လျှောက်ပြီးရောင်းစားတယ်၊ သူတို့ရောင်းစားတာ ဦးကျော်ကျော်နံမည်နဲ့ပေါက်နေတယ်၊ကျွန်မတို့မှာအထောက်အထားတော့ဂဃနဏတော့မရှိဘူး၊လွှတ်တော်ကိုယ်စားလှယ်ဦးမင်ထင်အောင်ဟန်ကွင်းဆင်းစစ်ဆေးပြီးပြီ၊မော်လမြိုင်ကစစ်ပြီးပြီ၊အဲဒါမပေးဘူး၊ကျွန်မလယ်က-၁၆ဧကရှိတယ်၊ ဘေးပတ်ဝန်းကျင်အထောက်အထားတွေရှိတယ်၊စပါးသွင်းတဲ့စာအုပ်အစိမ်းရှိတယ်၊အဲဒီစာအုပ်ကလေမုန်တိုင်းထိ၊တစ်ရွာလုံးသိတယ်၊အကုန်လုံးဆုံးရှုံးသွားတယ်၊လက်ရှိမော်လမြိုင်မှာလည်းတိုင်ထားပါတယ်၊ဝန်ကြီးချုပ်၊အတိုင်ပင်ခံလာတုန်းကတစ်ခါ၊ကျွန်မတို့ဆယ်ယောက်စာတင်ထားတာ၊ဒီဥက္ကဋ္ဌကတရားမျှတမှုမရှိဘူး၊ကျွန်မတို့မကြိုက်ဘူး၊ဖြုတ်ပေး၊အဲဒီစာအခုထိမစစ်သေးဘူး၊၊ကျွန်မတို့လယ်ကိုကျွန်မတို့ပြန်လိုချင်တယ်”ဟု လယ်သူမကြီး ဒေါ်အေးသင်းကပြောသည်။

ဆက်လက်ပြီး ဖဲထော်ရွာသားတောင်သူကြီးများဖြစ်သောဦးစိုးနိုင်၊ဦးလှိုင်၊ဒေါ်ငြိမ်း၊ဦးဘိုးသိန်း၊ဒေါ်သန်းငွေတို့က ၎င်းတို့လယ်မြေဆုံးရှုးရခြင်းဖြစ်စဉ်များကိုအသီးသီးတင်ပြကြပြီး၊ပြန်လိုချင်သည့်အကြောင်းများကို ရှင်းလင်းပြော ကြားကြသည်။

ယင်းမြေယာမှုခင်းအငြင်းပွားမှုအခြေနေများကို ဖဲထောရွာအုပ်ချုပ်ရေးမှူးဦးတင်လှကိုတွေ့ဆုံမေး မြန်းရာ၊လယ်သမား-၁၃ဦးတို့၏တိုင်ကြားမှုဖြစ်စဉ်များသည် မြို့နယ်လယ်/စီ၏ချမှတ်ထားသောအမိန့်စာများ အတိုင်းလိုက်နာဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ပြန်ပေးအပ်ခြင်း၊မြေယာမှုခင်းဖွင့်ခြင်းလုပ်ဆောင်ရန်အသိပေးပြီးဖြစ်ကြောင်း၊မိမိအနေနှင့်စာရင်းဇယားများအရမှန်ကန်မှုရှိကြောင်း၊တိုင်ကြားမှုအချို့သည်မိမိအပေါ်ပုဂ္ဂိုလ်ရေးအရမုန်းတီးမှုကြောင့်သာဖြစ်ကြောင်း၊ပြန်လည်ဖြေကြားခဲ့သည်။

မြသက်

Leave a Reply