မော်လမြိုင်၊ ဇွန် ၉ ။ ။ မွန်ပြည်နယ် မော်လမြိုင်နယ်မြို့ပေါ် ရပ်ကွက်အချို့ရှိ ရပ်ကွက်နေပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် အမှိုက်ပုံးများလိုက်လံထားရှိပေးနေကြောင်း မရမ်းကုန်းရပ်ကွက်နေ ဦးအေးကျော်က ဟင်္သာသို့ပြောသည်။
13

“ အမှိုက်ပုံးတွေထားရှိခြင်းအားဖြင့် အမှိုက်ပစ်တဲ့အခါကျရင်စနစ်တစ်ကျနဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်သွားရအောင်နဲ့ ကျွန်တော်တို့မျိုးဆက်သစ်ကလေးငယ်တွေ အတွက်စံပြဖြစ်ရအောင် ရပ်ကွက်ကလူတွေ ဦးဆောင်ပြီးလုပ်တာပါ” ဟု ဦးအေးကျော်က ဆိုသည်။
အမှိုက်ပုံးထားသည့်နေရာအတွက် မြေပုံကြမ်းကိုစည်ပင်ထံပေးပို့ထားပြီး နေအိမ်များက စွန့်သောအမှိုက်များ ကိုလာရောက်သိမ်းဆည်းပေးရန် ညှိနှိ်ုင်းထားကြောင်း အမှိုက်ပုံးထားရှိရေး ဦးဆောင်သူများကပြောသည်။

အမှိ်ုက်ပုံးများကို စနစ်တစ်ကျ ထိန်းသိမ်းပေးနိုင်သည့် အိမ်များ၊ကွမ်းယာဆိုင်များနှင့် အမှိုက်ထွက်ရှိမှုအများဆုံး နေရာများအနီးတွင် အဓိက ချပေးသွားမည်ဖြစ်ကြောင်း ဦးအေးကျော်က ဆက်လက်ပြောဆိုသည်

ပထမဆုံးအဖြစ် ပန်းပဲတန်းနှင့် မရမ်းကုန်းရပ်ကွက်များအတွင်း အမှိုက်ပုံး ၂ဝခန့်စီထားရှိပြီး တောင်ရိုးတန်းနှင့် လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများတွင်လိုက်လံထားရှိရန်စီစဉ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

Leave a Reply