မော်လမြိုင်မြို့၊ မုရောင်းသင်္ချိုင်းကုန်းတွင် ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့

မော်လမြိုင်၊ ဧပြီ ၂၅

မော်လမြိုင်မြို့၊ မုရောင်းသင်္ချိုင်းကုန်းတွင် ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သင်္ချိုင်း အောက်ဘက်ကနေစပြီး လောင်တာ၊ လေကလည်းတိုက်နေတော့ မီးကထိန်းမနိုင်ဘူး” ဟု ရော်ဘာခြံအလုပ်သမား တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ မော်လမြိုင် မင်းရွာရှိ Water World မှ ဝန်ထမ်းများမှ မီးသတ်ဆေးဗူး ၁၀ ဗူး၊ ရေးသယ်ယာဉ်များ၊ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရာမည လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မြိုင်သာယာရပ်ကွက် မီးသတ်တပ်ဖွဲ့ဝင်တို့က မီးသတ်ကား၊ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့် ညနေ ၃ နာရီခန့်၌ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဟင်္သာမီဒီယာ

Leave a Reply