မွန်ပြည်နယ်၊ မော်လမြိုင်မြို့တက္ကသိုလ်တည်ရှိရာ တောင်ဝိုင်းလမ်းမကြီး လျှပ်စစ် မီးမလင်းသေးသော နေရာ များ လျှပ်စစ်မီး ရရှိ စေရန် ကိုယ်ထူကိုယ်ထ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ မီးရရှိ ရေး ဆောင်ရွက် ရန်ကြိုးပမ်းနေသော ဇေတဝန်ကျောင်းတိုက်၊ သာသနာဝံသကျောင်း ဆောင်တွင် သီတင်းသုံးနေသော အရှင်စန္ဒဇောတိက မိန့်ကြားသည်။

thaung-wine

လျှပ်စစ်မီး ရရှိ ရေးအတွက် အလှူရှင်များနှင့် သာသနာနွယ်ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး ယခုစက်တင်ဘာလ အကုန်တွင် ကိုယ်ထူကိုယ်ထ လမ်းမီးလင်း နိုင်ရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တောင်ဝိုင်းလမ်းမကြီးတွင် သွားလာနေသော ကျောင်သား/ကျောင်းသူများ ၊ ဆရာ/ဆရာမများ၊ ပြည်သူပြည်သားများအန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် ရည်ရွယ်ပြီး တပ်ဆင်ပေးခြင်းဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။

“တောင်ဝိုင်းလမ်းမကြီးတွင် မီးမရှိဘဲ မှောင်မဲနေသည့်အတွက်ကြောင် ညပိုင်းမှာဆိုရင် ဆိုင်ကယ်တိုက်နေ သည်ကိုအမြဲလိုလို ဦးဇင်းတို့ကြားနေရတာ ဆိုင်ကယ်တိုက်တာကလည်း မိဝေး၊ ဖဝေး ကျောင်းတက်နေကြတဲ့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေပဲများတယ်” ဟု အရှင်စန္ဒဇောတိက မိန့်ဆိုသည်။

ထိုသို့ လုပ်ငန်းများကိုဆောင်ရွက်ရာတွင် မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီးနှင့် ပြည်နယ်လျှပ်စစ်မှူးများ ချိတ်ဆက်က ညှိနှိုင်းဆွေးနွေးပြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဈေးကြိုအဝိုင်းမှ လေယာဉ်ကွင်းအထိ လက်ရှိမီးတိုင် ၂၅တိုင်ရှိပြီး မော်လမြိုင်တက္ကသိုလ်ကျောင်း ရှေ့မှာ လိုအပ်သော မီးတိုင် သုံးတိုင်ကို ထပ်စိုက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်မိန်ကြားသည်။

ထိုသို့ မီးတိုင်များမှာ တပ်ဆင်သော မီးလုံးများကို ကျော်ကြားဆိုင်မှ ဦးတင်လှိုင်က မီးလုံး ၅၀လုံး လှူဒါန်းပေးခဲ့သော်လည်း မီးလုံများကို တပ်ဆင် သွယ်တန်းပေးမည့် မီးကြိုးနှင့် ဖရိန်များ၊ တပ်ဆင်ခများမရရှိသေးကြောင်း ၎င်းကဆက်လက်မိန့်ကြားသည်။

”မီးလုံးများရှိပေမယ့် မီးကြိုးတွေ ပစ္စည်းဖိုး တပ်ဆင်ခတွေက သိန်း ၃၀လောက် ကုန်မယ်ဆိုတော့ တစ်တိုင်ကို တစ်သိန်းနှုန်းဖြင့် သတ်မှတ်ထားတယ်” ဟု ၎င်းကမိန့်ကြားသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိန်း ၃၀ကုန်ကျမည်ဖြစ်ရာ လက်ရှိအချိန်တွင် အလှူငွေ ၅သိန်းသာရရှိသေးသည့်အတွက် အလှူရှင်များ ထပ်မံလိုအပ်နေသေး ကြောင်းမော်လမြိုင်မြို့ သာသနာနွယ်ဖောင်ဒေးရှင်းထံမှသိရသည်။

Leave a Reply