Advertisements

မော်လမြိုင် မေ ၁

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်လုံးဆိုင်ရာ ရွှေကျင်နိကာယ ရတ္ထညူ မဟာနာယက၊ မော်လမြိုင်မြို့ မဟာမြိုင် ပရိယတ္တိ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္ဓဇောတိကဓဇ ဘဒ္ဒန္တခန္တီသာရ၏ အန္တိမအဂ္ဂိဈာပန ပူဇာအခမ်းအနားကို မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက် မဟာမြိုင် ပရိယတ္တိ စာသင်တိုက်ကြီးတွင် မေ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဆရာတော်သည် သက်တော် ၉၆ နှစ်၊ သိက္ခာတော် ၇၆ ဝါရှိပြီး ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီ ၅၁ မိနစ်ခန့်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ဈာပနအခမ်းအနားသို့ ဖားအောက်တောရ ဆရာတော်ဘုရားအပါအဝင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ ကြွရောက်ခဲ့ပြီး တပည့် သာဝယက၊ ဒါယိကာ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။

ခေတ်မင်း
ဓာတ်ပုံ – HK

Advertisements
<

Leave a Reply