(ဓါတ်ပုံ အညွှန်း – အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ ပန်းခြံကုန်း ၅ လမ်းရှိ ကွင်းပြင်တွင် ဇန်နဝါရီ ၁၅ ရက် မွန်လွဲ ၁ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း မီးသတ်ကားများ အချိန်မီရောက်ရှိလာခြင်းကြောင့် နေအိမ်များကို မီးကူးစက်လောင်ကျွမ်းမှု မရှိခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

မီးလောင်သည့် အကြောင်းရင်းကို မသိရှိရသေးကြောင်းနှင့် မီးသတ်ကားများ လာရောက်ငြိမ်းသတ်မှုကြောင့် ၄၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားကြောင်း မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။)
(ဓါတ်ပုံ အညွှန်း – အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။)

အဆိုပါနေရာသည် အလွယ်တကူ မီးကူးစက်လောင်ကျွမ်းစေနိုင်သော မြက်ပင်ခြောက်များဖြင့် ပြည့်နှက်နေပြီး မီးသတ်ကားအချိန်မီ မရောက်ရှိပါက လမ်းတစ်ဖက်ရှိ တဲအိမ်များသို့ ကူးစက်နိုင်ကြောင်း ယင်းဒေသခံများက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Leave a Reply