မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ ။ ။ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် အားကစားကွင်း မရှိသောကြောင့် မျိုးစက်သစ်လူငယ်များ အာကစား တိုးတက်လာစေရန် ယင်းရပ်ကွက်ရှိ အမှတ် (၁၁) အ.ထ.က စာသင်ကျောင်းပိုင် မြေကွက်လပ်ကြီးတွင် ဘော်လုံးကွင်းအသစ်တစ်ခု တည်ဆောက်နေကြောင်း သီရိမြိုင်ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

DSC_0264-copyယခင်က သီရိမြိုင်ရပ်ကွက်ပိုင် အားကစားကွင်း ရှိခဲ့သော်လည်း ဆိုင်ခန်းများ တည်ဆောက်ထားသောကြောင့် လူငယ်များမှ အားလပ်သည့် အချိန်များတွင် ဘိလိယက်ခုံနှင့် အရက်သောက်ခြင်းတို့အပေါ် စိတ်ရောက်နေခြင်း၊ ရပ်ကွက်တွင်း ဘော်လုံးသမားကောင်းများ ရှိသော်လည်း လေ့ကျင့်မှုများ မပြုလုပ်ရခြင်းကြောင့် ရပ်ကွက်သားများ စုပေါင်းကာ ဘော်လုံးကွင်းသစ်တစ်ခု တည်ဆောက်ရခြင်းဖြစ်ကြောင်း သီရိမြိုင်ရပ်ကွက်နေ ကိုလတ်က ပြောသည်။

“ရပ်ကွက်မှာ ကစားကွင်းမရှိတာ နှစ်ပေါင်းကြာခဲ့ပြီး အခုစာသင်ကျောင်းပိုင် မြေပေါ်မှာပဲ ရပ်ကွက် ဘော်လုံးကွင်း ဆောက်တာ၊ ကျောင်းချိန် ကျောင်းက ကျောင်းသားတွေလည်း ကစားမယ်၊ ရပ်ကွက်ကလည်း ကစားမယ်၊ မြေကရေမြုပ်တဲ့မြေ ဖြစ်တဲ့အတွက်ကြောင့် မြေသား တစ်ပေလောက် မြှင့်မယ်ပေါ့၊ ဘော်လုံးကွင်း အတွက် ကုန်ကျစရိတ်က ကျွန်တော်မှန်းကြည့်တာတော့ ကွင်းဖြစ်ဖို့အတွက် သိန်း ၁၂၀ ဝန်းကျင်မှန်းတယ်”ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ပန်းခြံများ၊ ကလေးကစားကွင်းများနှင့် ဘောလုံးကွင်းများကို အိမ်ယာစီမံကိန်းများ ပြုလုပ်မှုများ ရှိနေသည့် ကြားကပင် ယင်းသို့ ဘောလုံးကွင်းအသစ် ဖြစ်လာခြင်းသည် ရပ်ကွက်လူငယ်များအတွက် အားလပ်ချိန်များတွင် ကျန်းမာရေး၊ စာရိတ္တပိုင်းဆိုင်ရာများ အကျိုးဖြစ်ထွန်းနိုင်စေကြောင်း ယင်းဘောလုံးကွင်း၌ ဘောလုံးလာရောက်ကစားသူ ကိုစိုးက ဆိုသည်။

“ကစားကွင်းတွေ ရှားပါးလာတဲ့အပြင် နောက်ကလေးတွေက ကစားကွင်းမရှိတော့ တခြားနည်းလမ်းပေါင်းစုံနဲ့ အာရုံတွေရောက်မှာကို စိုးရိမ်လို့၊ အဲတာကြောင့် ကျွန်တော်တို့မိတ်ဆွေတွေ စုပြီးတော့ ဘော်လုံးကွင်းလေး လုပ်ရအောင်ဆိုပြီး လုပ်တယ်”ဟု ယင်းရပ်ကွက်နေသူ ဦးသောင်းနိုင်က ပြောဆိုလိုက်သည်။
အဆိုပါ ဘောလုံးကွင်းကိိုု နိုင်ငံတကာဘောလုံးကွင်း အရွယ််အစားအတိုင်း အလျား ၁၂၀ မီတာ အနံ ၈၀ မီတာ အရွယ်အစား တည်ဆောက်ပြီး ပြည်နယ်အား/ကာမှ ဘောလုံးနှင့် ဆက်စပ်ပစ္စည်း တန်ဖိုးငွေကျပ် ခြောက်သိန်းကျော် ပံ့ပိုးသွားသည်ဟု သိရသည်။

Leave a Reply