Photo by – bloomberg

မော်လမြိုင်၊ ဖေဖော်ဝါရီလ ၁၇ ။ ။ မော်လမြိုင် ရွှေစျေးကွက် အတွင်း အခေါက်ရွှေစျေးနှုန်းများ အနည်းငယ် ပြန်လည် ကျဆင်းလာကြောင်း မွန်ပြည်နယ်၊ မော်လမြိုင် မြို့ ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေစစ်ဆေးရေး တာဝန်ခံ ဦးစိုးဝင်းက ပြောကြား သည်။

Photo by – bloomberg
Photo by – bloomberg
မော်လမြိုင် ရွှေစျေးကွက် အတွင်းတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ စတင်ကာ အခေါက်ရွှေစျေး တစ်ကျပ် သားလျှင် ရ၉၂၀၀၀ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ရ၈၈၀၀၀ ကျပ် အထိ ကျဆင်းသွားကြောင်း မော်လမြိုင် ရွှေစျေးကွက် အတွင်းမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မတိုင် ခင်ထိ မော်လမြိုင် ရွှေစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ရ၇၅၀၀၀ ကျပ်မှ ဖေဖော်ဝါရီလ ၁၃ရက်နေ့ တွင် ရ၉၂၀၀၀ ကျပ် အထိ မြင့် တက်ခဲ့ပြီး လက်ရှိ အချိန် တွင် ရွှေတစ်ကျပ်သား ကို တစ်သောင်းခန့် ပြန်လည် ကျဆင်း ခဲ့သော်လည်း မူရင်း စျေး နှုန်း ပြန် လည်ရောက် ခြင်း မရှိ သေးကြောင်း ရွေးစျေးကွက် အတွင်းမှ သိရှိရသည်။

“ဒီနေ့က ဒေါ်လာစျေးကျ တာပေါ်မူတည်ပြီးတော့ ရွှေစျေးတွေ အနည်းငယ်ပြန်ကျလာတယ်၊ လက်ရှိကတော့ အရောင်းအဝယ် ငြိမ်သက်နေပါတယ်၊ အရင်အပတ်နဲ့က ၁သောင်းနီးပါးလောက်ပြန်ကျသွားတာပေါ့၊ မနက်စျေး နဲ့ညစျေးတောင် စျေးနှုန်း အတက်အကျ သိပ်မကွာဘူး၊”ဟု ဦးစိုးဝင်းကပြောသည်။

လက်ရှိအချိန်တွင် ကမ္ဘာရွှေစျေးနှုန်း တစ်အောင်စလျှင် ၁၂၁၀ ဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၂၅၉ကျပ်တို့ဖြစ်ကြောင်း မော်လမြိုင် ရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။

Leave a Reply