( ဓါတ်ပုံ အညွန်း – မော်လမြိုင်မြို့မှ အမှတ်တရပစ္စည်းများရောင်းချနေသော ဆိုင်တစ်ဆိုင် )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃ ။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့ ရှိ စတိုးဆိုင်ကြီးအချို့၌ ဖေဖော်ဝါရီ(၁၄)ရက်နေ့ တွင်ကျရောက်သည့် ချစ်သူများနေ့ အတွက်ရည်ရွယ်သော အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ အရောင်းသွက် နေကြောင်း မော်လမြိုင်မြို့အတွင်းရှိ စတိုးဆိုင်ပိုင်ရှင်များက ပြောကြား သည်။

 ( ဓါတ်ပုံ အညွန်း – မော်လမြိုင်မြို့မှ အမှတ်တရပစ္စည်းများရောင်းချနေသော ဆိုင်တစ်ဆိုင် )

( ဓါတ်ပုံ အညွန်း – မော်လမြိုင်မြို့မှ အမှတ်တရပစ္စည်းများရောင်းချနေသော ဆိုင်တစ်ဆိုင် )

“အဲ့ဒီ နေ့အတွက် အထူး ပရိုမိုးရှင်း အစီစဉ်တွေ အနေနဲ့ ဆိုင်ကို လာတဲ့ စုံတွဲတိုင်းကို ဗလာမပါ ကံစမ်းမဲ ဖောက်ပေးတယ်၊ ဒီရက်ပိုင်းအတွင်းမှာ၊ အော်ဒါမှာတာတွေရှိတယ်၊ ချောကလက်နဲ့ပန်းစည်းတို့ ဖန်စီ ပစ္စည်းတို့ အရုပ်တွေကို မှာပြီဝယ်တာများ တယ်၊”ဟု ရွှေပလိုင်း မီနီမတ် (၂) ဆိုင်ပိုင်ရှင် ကို အောင်ကျော်ထူး ကပြော သည်။

နိုင်ငံတကာမှတင်သွင်းသော ချောကလက်စျေးနူန်းမှာ ကျပ် တစ်ထောင်မှ တစ်သောင်း ကျော် အထိရှိသော်လည်း ချစ်သူများနေ့ နီးလာသည့်အတွက် တန်ဖိုးမြင့် ချောကလက်များကို ယခုရက်ပိုင်းအတွင်း ရောင်းအား ကောင်း နေကြောင်း မော်လမြိုင် မြို့ရှိ စတိုးဆိုင် ပိုင်ရှင်များ ကပြောသည်။

လက်ဆောင် ပန်းစည်းများကိုလည်း ပုံမှန်စျေးနှုန်းထက် ချစ်သူများနေ့အတွက် ရည်ရွယ်ပြီးတော့ တန်ဖိုုးကြီး ပန်းစည်း များကို ပိုမိုရောင်းချနေရကြောင်း မော်လမြိုင်မြို့ရှိ လက်ဆောင်ပန်းခြင်း အရောင်း ဆိုင်များထံမှသိရ သည်။

“ကျွန်မဆိုင်မှာတော့ ချစ်သူများနေ့နီးလာတဲ့အတွက် အရုပ်တွေကို အပြင်မှာ ထုတ်ရောင်းတယ်၊ စျေးနှုန်း ကတော့ ပုံမှန်ပါပဲ၊ ရောင်းအားကတော့ အရင်ထက် တက်တာပေါ့၊”ဟုမော်လမြိုင် တက္ကသိုလ် အနီးရှိ စတိုးဆိုင်ပိုင် ရှင် တစ်ဦးက ပြောသည်။

ချစ်သူများနေ့ ကို ရည်ရွယ်ပြီး မော်လမြိုင် တက္ကသိုလ် အနီးဝန်းကျင်ရှိ စတိုးဆိုင် အချို့တွင် အရုပ်၊ ပန်းခြင်း၊ စုံတွဲအကျင်္ီများ ကို ဆိုင်အပြင်ဘက်တွင် ခင်းကျင်း ရောင်းချနေကြကြောင်း တက္ကသိုလ် ကျောင်းသူ တစ်ဦးကပြော သည်။

Leave a Reply