(ဓါတ်ပုံ အညွှန်း – လှိုင်ရပ်ကွက်ရှိ အထက ၂ ကျောင်းတွင် အုပ်ချုပ်ရေးမှူးခန့်အပ်နိုင်ရန် ကြီးကြပ်ရေးမှူးရွေးချယ်နေကြစဉ်)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂ ရက်နေ့က ရပ်ကွက်နေပြည်သူ ၁၀ဝ ကျော်က အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရန် ရပ်မိရပ်ဖကြီးကြပ်ရေးမှူးငါးဦးကို ရွေးချယ်ခဲ့ကြောင်း လှိုင်ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

“လှိုင်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ရပ်မိရပ်ဖငါးဦးကို ရွေးချယ်ရာတွင် လူဟောင်းတွေမပါတဲ့ အတွက်ကြောင့် ကျွန်တော်က သဘောကျတယ်၊ လူသစ်တွေကို ရွေးချယ်ရလို့ ဝမ်းသာတယ်”ဟု လှိုင်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

 (ဓါတ်ပုံ အညွှန်း – လှိုင်ရပ်ကွက်ရှိ အထက ၂ ကျောင်းတွင် အုပ်ချုပ်ရေးမှူးခန့်အပ်နိုင်ရန် ကြီးကြပ်ရေးမှူးရွေးချယ်နေကြစဉ်)

(ဓါတ်ပုံ အညွှန်း – လှိုင်ရပ်ကွက်ရှိ အထက ၂ ကျောင်းတွင် အုပ်ချုပ်ရေးမှူးခန့်အပ်နိုင်ရန် ကြီးကြပ်ရေးမှူးရွေးချယ်နေကြစဉ်)

အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် အဆင့်နှစ်ဆင့်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ကြီးကြပ်ရေးမှူး ငါးဦကို ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအဆင့်က ဆယ်အိမ်စုမှူးရွေးချယ်ပြီးသည်နှင့် အုပ်ချုပ်ရေးမှူးအသစ်ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် မြို့နယ်မှအကြောင်းကြားသည့်နှင့် ဖိတ်စာများရိုက်ထားကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်တွင် ရပ်ကွက်အတွင်း ကြီးကြပ်ရေးမှူးရွေးချယ်ရန် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင် တတ်ရောက်နိုင်ကြောင်း ဆော်သြခဲ့သည့်ဟု ၎င်းက ဆိုသည်။

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည့်နေ့မှစ၍ မိမိတာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေအရ သိရသည်။

Leave a Reply