မော်လမြိုင် မေ ၄

မွန်ပြည်နယ် ဘိုကုန်းရပ် အောက်လမ်းမကြီးရှိ သံလွင်ဈေးမှ ငါးဒိင်ကြီး၊ကြက်ဒိုင်ကြီးများကို ဧပြီ ၃၀ရက်မှစ၍ ကွင်း ၏ရပ်ကမ်းနားလမ်း၊ကျောက်မီးသွေးဈေးရုံသစ်သို့ပြောင်းရွေ့ဖွင့်လှစ်ရာ လျှပ်စစ်၊ရေလုံလောက်စွာရရှိ၍ လုပ်ငန်းများအဆင်ပြေစွာလုပ်ဆောင်နေကြောင်း၊ဈေးသူဈေးသားများထံမှသိရသည်။

“ဒီမှာက အခန်းတွေကြွေပြားနဲ့သပ်သပ်ရပ်ရပ်ဆိုတော့၊အဆင်ပြေပါတယ်၊မီး၊ရေပေါတော့ သန့်ရှင်းရေးကို ကောင်းကောင်းလုပ်လို့ရပါတယ်၊ ငါးဒိုင်ကားတွေက တင်ချပြီးစနစ်တကျထွက်ရင် ကားဝင်းကလုံလောက်ပါ တယ်၊တားမြစ်ထားတဲ့အတိုင်းဈေးရှေ့မှာ ကားမရပ်ဖို့ဘဲ၊မနက်-၄နာရီဆိုရင် ဈေးရှေ့လမ်းမှာကားနှစ်ထပ်၊ ဟို ဘက်ယာဉ်ကြောမှာလည်းနှစ်ထပ်ဖြစ်နေတော့၊လမ်းပိတ်ပါတယ်၊အဲဒါကိုလည်းထိန်းပေးဖို့ စည်ပင်ကို တင်ပြထားပါတယ်၊ရေပေါတယ်၊အိမ်သာလည်းကောင်းတော့စိတ်ချမ်းသာပါတယ်”ဟု ငါးဒိုင်သမား တစ်ဦးက ပြောပါတယ်။

ကြက်ဒိုင်တစ်ဦးက “သံလွင်ဈေးက ပတ်ဝန်းကျင် ထားဝယ်စု၊ပန်းဘဲတန်း၊ဘိုကုန်းရပ်ကွက်တွေက ဈေးဝယ် သူများ တယ်၊လက်လီရောင်းကောင်းတယ်၊ဒီမှာက ရပ်ကွက်နဲ့လှမ်းနေတော့ လက်လီဝယ် သူနည်းနေသေး တယ်၊ နောက်သိရင်တော့လာကြမှာပါ၊ကြက်ကတစ်ပိသာကျပ်၅၅၀၀ပါ၊ငါးဆယ်သားရောင်းပါတယ်၊လက်ကား ဒိုင်တွေ ကတော့ သူ့ဖောက်သည်နဲ့သူပဲ၊အဆင်ပြေကြပါတယ်” ဟုဆိုသည်။

“ သံလွင်ဈေး ငါးဒိုင်ပြောင်းသွားတာကောင်းတယ်၊အရင်လူနေအိမ်ခြေများတဲ့ ၊လမ်းသွားလမ်းလာများတဲ့ နေရာမှာရှိတော့ အဲအရှေ့ကဖြတ်သွားရင် အနံ့အသက်တွေက မခံနိုင်ဘူး၊ အခု ကျောက်မီးသွေးရုံနေရာက လူနေကျဲတဲ့နေရာ၊ အသွားအလာ ရှင်းတဲ့နေရာဆိုတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားတာပေါ့” ဟု မြို့ခံတစ်ဦးကဆိုသည်။

ကျောက်မီးသွေးရုံ ငါး လက်ကားဈေးကြီးတွင်၊ငါးဒိုင်ကြီးများအတွက် ၂၂ခန်း၊ကြက်ဒိုင်များအတွက် ၃ခန်း၊လက်လီဆိုင်ခန်း ၃၆ ဖွင့်လှစ်ထားသည်ဟုသိရသည်။

မြသက်

Leave a Reply