မော်လမြိုင်၊ မတ် ၁၂ ။ ။ မော်လမြိုင်မြို့မှ အနုပညာရှင်များစုပေါင်းပြီး မော်လမြိုင်အနုပညာပွဲတော်ကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဟု သတ်မှတ်ထားသော်လည်း အချို့အနုပညာရှင်များ၏ အချိန်အခက်ခဲများကြောင့် ဧပြီလ ၂၁ ရက်နေ့သို့ ရွှေ့ဆိုင်းပြုလုပ်မည် ဖြစ်ကြောင်း ယင်းပြပွဲကို စီစဉ်သူ ကာတွန်း CMM ကဟသာင်္မီဒီယာသို့ ပြောကြားသည်။

MlM-Art
“ပထမတော့ ပွဲကို သင်္ကြန်မတိုင်ခင်လုပ်မလို့ ဒါပေမဲ့ တစ်ချို့အနုပညာရှင်တွေ မအားလပ်တာနဲ့ နောက်ပြီးတော့ ဧပြီလ ၁ ရက်နေ့မှာ စာပေဟောပြောပွဲ တစ်ခုရှိတယ်၊ အဲဒီပွဲမှာ ကာတွန်းပြပွဲလည်း ပါတယ်၊ တစ်ပြိုင်တည်း နှစ်ပွဲလို ဖြစ်နေတော့ ရက်ရွှေ့လိုက်ရတာ၊ အခုတော့ ကျွန်တော် သေချာအချိန်ယူပြီးတော့
ပွဲကို အကောင်းဆုံးလုပ်သွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ယခင်နှစ်များတွင်မပါဝင်သော ခေတ်အဆက်ဆက် ကျော်ကြားခဲ့သည့် ဂီတ Notes များနှင့် မှတ်တမ်းရုပ်ရှင်
များကို လည်း ပြသမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကာတွန်း CMMက ပြာသည်။

ဒုတိယအကြိမ် ကျင်းပမည့် မော်လမြိုင်အနုပညာပွဲတော်တွင် မော်လမြိုင်မြို့မှ ကာတွန်းဆရာများ၏ ကာတွန်းများ အပြင် မျက်နှာသစ်ကာတွန်းဆရာများ၏ လက်ရာများကိုလည်း ပြသမည် ဖြစ်ကြောင်း ကာတွန်းဆရာ ATH မှ ပြောသည်။

၂၀၁၅ ခုနှစ်က ကျင်းပသည့် ပထမအကြိမ် မော်လမြိုင်အနုပညာပွဲတော်တွင် ပန်းချီ၊ ပန်းပု၊ ဓါတ်ပုံ၊ ကဗျာ၊ ကာတွန်း၊ ဂရပ်ဖစ်ဒီဇိုင်း အနုပညာ (computer art) နှင့် 3D street art တို့ပါ၀င်ပြသခဲ့ပြီး ဂီတပညာရှင်များ ကလည်း ပါ၀င်အားဖြည့် ဖျော်ဖြေခဲ့ကြကြောင်း ၎င်းကပြောဆိုသည်။

Leave a Reply