မတ်လ ၂၄ ရက်နေ့က မော်လမြိုင်၊ ပြည်၊ ပေါင်းတည်၊ ပြင်ဦးလွင် စသည့် မြို့များတွင် ဒေသခံတို့က အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြခဲ့ကြသည်။
လများမကြာမီတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ပြင်ဦးလွင်မြို့ ဆန္ဒပြပွဲတွင် စာရေးဆရာ ထင်လင်းဦးက ပြောသည်။
“မြို့အသီးသီးမှာပြုလုပ်ကြတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးပွဲတွေပြီးရင် နောက်လေးငါးလအကြာမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးရှိပါသေးတယ်၊ ဒါ့ကြောင့် အားခဲထားကြပါ၊ ဒီနေ့ဒီတစ်ရက်နဲ့ ပြီးသွားမှာမဟုတ်သေးပါဘူး” ဟု စာရေးဆရာ ထင်လင်းဦးက ပြောသည်။
(ဓာတ်ပုံများ – ခင်နှင်းဝေ/Myanmar Now)
= = = = = = = = = = = =
ဆက်စပ်သတင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ မော်လမြိုင်မှာ ကျင်းပ >>>
https://cutt.ly/swoHET