မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်း လူသွားစြင်္က ံပလက်ဖောင်းများပျက်စီးယိုယွင်းနေမှုများကို ပြန်လည်ပြင်ဆင်ရန် ရန်ပုံငွေ ရရှိထားပြီဖြစ်သောကြောင့် ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်အကောင် အထည်ဖော်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖေဖော်ဝါရီ ၂၁ရက်တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယ)နေ့၌ ပြောကြားသည်။

ရေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၏ မေးမြန်းချက် ဖြစ်သော သိပ္ပံလမ်းထိပ်မှ သံလွင်ဈေး၊ ညောင်လေးပင်ချောင်း၊ သံလွင်မြစ်ဘက်ခြမ်း ကမ်းနားလမ်း လူသွား စြင်္က ံကို ပြန်လည် ပြုပြင်ပေးရန် အစီစဉ်ရှိ မရှိ နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးရှေ့ ကမ်းနားလမ်း စြင်္က ံ ပလက်ဖောင်းပေါ်သို့ ရှစ်ပေခန့် ထိုးထွက် ဆောက်လုပ်ထားသော နဒီလှိုင်း စားသောက်ဆိုင်ကို မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ထည့်သွင်းရေးဆွဲထားပြီးပါပြီ၊ ဘဏ္ဍာနှစ်အတွင်း ဆက်ပြီးတော့ အကောင်အထည်ဖော်သွားမှာပါ၊ အခုက ကမ်းနားလမ်းမှာ မြေကျွံမှုတွေကို အရင်လုပ်ဆောင်နေလို့ ကြန့်ကြာသွားတာပါ”ဟု ၎င်းက ပြောသည်။

ကမ်းနားလမ်း နှင့် လူသွားစြင်္က ံပလက်ဖောင်းများကို ပြန်လည်ပြင်ဆင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်လမ်းညွှန်ချက်ဖြင့် ၂ဝ၁၈-၁၉ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေ ရရှိထားပြီဖြစ်သောကြောင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊လူသွားစြင်္က ံပလက်ဖောင်းပေါ်သို့ ရှစ်ပေခန့် ကျူးကျော်နေသော နဒီလှိုင်း စားသောက်ဆိုင်နှင့် ပတ်သက်၍လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့် အမြန်ဆုံးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

နဒီလှိုင်းစားသောက်ဆိုင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ခန့်မှ စ၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးနှင့် နှစ်စဉ်စာချုပ် ချုပ်ဆိုကာ ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သောကြောင့် ဆိပ်ကမ်းအာဏာပိုင်နှင့် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

မော်လမြိုင် ကမ်းနားလမ်းတွင် လမ်းလျှောက်သော ပြည်သူများ အန္တရာယ်ကင်းစေရန်အတွက် ပလက်ဖောင်းများ ပြင်ဆင်ခြင်း၊ စြင်္က ံပေါ်သို့ ကျုးကျော်ထားသာ စားသောက်ဆိုင်များကိုလည်း စနစ်တကျ ဆောင်ရွက်သင့်ကြောင်း ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

“ကမ်းနားလမ်း လူသွားစြင်္က ံပလက်ဖောင်းတွေက ပျက်စီးနေတော့ သွားရတာအဆင်မပြေဘူူးလေ၊ ဒါတောင်ကျန်သေးတယ်၊ ပျက်စီးနေတဲ့အပိုင်းတွေ ၊ နောက်ပြီး ပလက်ဖောင်းပေါ်ကို ကျူးပြီး စားသောက်ဆိုင်ဖွင့်ထားတော့ သွားလာရခက်ခဲတာပေါ့၊ ပလက်ဖောင်းပေါ်က မသွားရင် အန္တရာယ်ရှိတယ်”ဟု ၎င်းက ပြောသည်။

ထိုက်ထိုက်

 

Leave a Reply