Advertisements

မော်လမြိုင်၊ ဇွန်၂၈

မော်လမြိုင်မြို့ ကမ်းနားတွင် စိုက်ပျိုးထားသော သပြေဘူတ သစ်ပင်တချို့ ဇွန်လ ၂၇ ရက်နေ့ ညက ဖျက်ဆီးခံ ခဲ့ရကြောင်း မော်လမြိုင်မြို့နယ်အင်ဂျင်နီယာမှူး ဒေါသိင်္ဂီအောင်က ပြောကြားသည်။

အဆိုပါ သစ်ပင်များ ကို မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီ ၏ ဘက်ဂျက်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ က မှာယူ တင်သွင်းကာ စိုက်ပျိုးထားသော သစ်ပင်နှစ်ပင် ဖြစ်ကြောင်း စည်ပင်သာယာအဖွဲ့ ထံ မှသိရှိရသည်။

“အကုန်လုံးက ပြည်သူပိုက်ဆံနဲ့ဝယ်ထားတော့ ပြည်သူတွေကပဲ ထိန်းပေးရမယ်လေ အပင်စိုက်တာတော့ လှအောင်စိုက်တာ သာယာအောင်စိုက်တာဖြစ်တယ် ” ဟုဆိုသည်။

ထို သပြေဘူတ အပင်များကို ဇွန်လ ၂၆ရက်နေ့က စတင်စိုက်ပျိုးထားပြီး ထိုအပင်များက ပူနွေးစွတ်စိုသော ရာသီဥတုနှင့် ကိုက်ညီသောကြောင့် ရွေးချယ်စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့ က ထံမှသိရှိရသည်။

ထိုကဲ့သို့ သစ်ပင်များ ဖျက်ဆီးခံရခြင်း နှင့်ပတ်သက်ပြီး ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု ဖြင့် ရဲစခန်းတွင် အမှုဖွင့်ရန် အစီစဉ်ရှိကြောင်း ဒေါ်သိင်္ဂီအောင်က ပြောသည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply