မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၁၂ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖေဖေါ်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)က ကလေးဆေးရုံကြီး၌ ကုတင် ၁၅၀ ဆန့် ကလေးကုသဆောင်သစ် ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း ယင်း ဆေးရုံထံမှ သိရသည်။

child-hospital
အဆိုပါ ကလေးကုသဆောင်ကို အလှူရှင် သုဓမ္မမဏီဇောတဓရ ဦးလှထွန်းနှင့် ဇနီး ဒေါ်တင်လှ (ကိုလှထွန်း ငရုပ်သီးမှုန့်လုပ်ငန်း)မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ကလေးတွေ အရမ်းဒုက္ခဖြစ်တယ်၊ ကလေးတွေများတော့ ကျွန်တော်သူတို့အတွက် အဆင်ပြေအောင်၊ နောက် ကျွန်တော်လည်းစိတ်ပါတယ် ”ဟု အလှူရှင် သုဓမ္မမဏီဇောတဓရ ဦးလှထွန်းက ပြောကြားသည်။

အဆိုပါ ကလေးကုသဆောင်သည်ဘRC သုံးထပ်၊ အလျား ၅၅ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၃၈ ပေရှိပြီး အဆောက် အုံကို ကျပ်သိန်း ၃၀၀၀ ၀န်းကျင်ခန့် ကုန်ကျကာ UHM ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်ခဲ့ကြောင်း ယင်း ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

ယင်း ကလေးကုသဆောင်သစ် ဖွင့်ပွဲကို မွန်ပြည်နယ် ၀န်ကြီးချုပ်ဦးအုန်းမြင့်၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမင်းမင်းဦး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင် ဦးလှထွန်းနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် UHM ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply