(ဓါတ်ပုံ အညွှန်း – မော်လမြိုင်-ချောင်းဆုံ မြစ်ကူးတံတား တည်ဆောက်နေမှုကို တွေမြင့်ရစဉ်)

မော်လမြိုင်၊ ဇန်နဝါရီ ၁၃

မော်လမြိုင်-ချောင်းဆုံ (သံလွင်တံတား) ချဉ်းကပ်လမ်းတံတား လုပ်ငန်းများအတွက် ဇန်နဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဟင်္သာခန်းမတွင် တင်ဒါခေါ်ယူခြင်း ပြုလုပ်ခဲ့ကြောင်း မော်လမြိုင်ခရိုင် လမ်းဦးစီးဌာန (မြို့ပြ) လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းမြိုင်ထူးက ပြောသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်-ချောင်းဆုံ မြစ်ကူးတံတား တည်ဆောက်နေမှုကို တွေမြင့်ရစဉ်)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်-ချောင်းဆုံ မြစ်ကူးတံတား တည်ဆောက်နေမှုကို တွေမြင့်ရစဉ်)

ခေါ်ယူမည့် တင်ဒါများမှာ မြေသားတာဘောင် တင်ဖို့ခြင်းလုပ်ငန်း၊ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း၊ ချဉ်းကပ်လမ်းများ ပြုလုပ်ခြင်းနှင့် တံတားများတည်ဆောက်ခြင်းတို့ ပါဝင်ကြောင်းနှင့် ယင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းလုပ်ငန်းများကို တင်ဒါရရှိသူများက လမ်းဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်၊စံညွှန်းနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် အပြီးသတ် အပ်နှံပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တင်ဒါတင်သွင်းပွဲသို့ ရန်ကုန်မှ ကုမ္ပဏီ လေးခု၊ မန္တလေးမှ ကုမ္ပဏီ တစ်ခု၊ မွန်ပြည်နယ်မှ ကုမ္ပဏီ ၁၇ ခုတို့ တက်ရောက်ခဲ့ကြောင်းနှင့် တင်ဒါရရှိသူများကို ပြည်နယ်အစိုးရ ကက်ဘိနက်အစည်းအဝေး ပြီးမှသာ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply