Advertisements

မော်လမြိုင်၊ သြဂုတ် 

မော်လမြိုင် ဈေးကွက်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းသည် ရန်ကုန်ထက် တစ်လီတာလျှင် ကျပ် ၃၀ ခန့် ဈေးပိုနေကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ရန်ကုန်ထက် ဈေးနှုန်း ပိုနေရခြင်းမှာ သယ်ယူပို့ဆောင်ရေး စရိတ်စကများကြောင့် ဖြစ်သည်ဟု မော်လမြိုင်မြို့ Denko ဆီဆိုင်မှ တာဝန်ခံ ကိုသန့်ဇော်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

“ရန်ကုန်နဲ့မော်လမြိုင်ဆို သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ဈေးကွာတယ်ထင်တာပဲ၊ ဒေါ်လာဈေးတက်ပြီဆို ဆီဈေးက လိုက်တက်တယ် ဒေါ်လာဈေးကျရင်လည်း ဆီဈေးက အော်တိုကျတယ်”ဟု ဆိုသည်။

သြဂုတ် ၂၄ ရက်တွင် မော်လမြိုင် ဈေးကွက်၌ ရောင်းချနေသော စက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၀၁၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

ရန်ကုန်စက်သုံးဆီဈေးကွက်တွင်မူ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၃၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၈၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၉၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၉၇၅ ကျပ်အထိပေါက်ဈေးရှိသည်။

“အရင်ကထက်စာရင် ဈေးတက်လာတာပေါ့ ကျတော့မကျဘူး အခုနောက်ပိုင်း တစ်ဖြည်းဖြည်းတက်လာတယ်”ဟု ရာဇာမင်းဆီဆိုင်မှ ကိုသူရကျော်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

သယ်ယူ ပို့ဆောင်ရေး စရိတ်ကြောင့် ဈေးနှုန်း ကွာဟချက် ရှိသော်လည်း စက်ဆီ အရည်အသွေး အတူတူပဲ ဖြစ်သည်ဟု ၎င်းက ပြောသည်။

သြဂုတ် ၂၄ ရက်တွင် အမေရိကန် ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၅၁၀ အထိ ပေါက်ဈေးရှိနေသည်။

Written by ဂေထော

Advertisements
<

Leave a Reply