မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ဘာသာရပ်အလိုက် ဘော်လီဘောပြိုင်ပွဲ အတွက် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က မော်လမြိုင်တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင် တက္ကသိုလ် ဘာသာရပ်အလိုက် ဘော်လီဘောပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသားအသင်းမှ ဘာသာရပ် ၁၀ ခုနှင့် အမျိုးသမီးအသင်းမှ ဘာသာရပ်ရှစ်ခု ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အားကစားနှင့် ကာယပညာ ဥက္ကဋ္ဌ ဦးခင်မောင်ဇော်က ပြောသည်။

“ကာယဗလ ဖွံ့ဖြိုးဖို့အတွက် လုပ်တာ၊ အားကစားလုပ်တာ ကာယဗလ ဖွံ့ဖြိုးတောင်မကဘူး စာရိတ္တပိုင်း အတွက်ပါ အကုန်လုံးကလေးတွေအတွက် ကောင်းမွန်ဖို့ ရည်ရွယ်ပြီးတော့လုပ်တာပါ” ဟု ဘူမိဗေဒဌာန ကထိက ဒေါက်တာ မိုးစက်က ဆိုသည်။

ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်းမှ ဘူမိဗေဒဘာသာရပ် အသင်းက ပထမဆု၊ သချာင်္ဘာသာရပ် အသင်းက ဒုတိယဆုနှင့် ရုက္ခဗေဒ ဘာသာရပ်အသင်းက တတိယဆုရရှိပြီး အမျိုးသမီးအသင်းများတွင် ပထဝီဘာသာရပ် အသင်းက ပထမဆု၊ ဥပဒေဘာသာရပ် အသင်းက ဒုတိယဆုနှင့် အဏ္ဏဝါဘာသာရပ် အသင်းက တတိယဆုတို့ ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“လာမည့် နောက်အသုတ်ကျလို့ရှိရင် ပြိုင်ပွဲတစ်ပွဲ ထပ်လုပ်ဖို့ရှိတယ်၊ မော်လမြိုင်ဇုန်တွင်း ပြိုင်ပွဲပေါ့ မော်လမြိုင် ဇုန်တွင်း ပြိုင်ပွဲကတော့ မော်လမြိုင်တက္ကသိုလ်၊ ထားဝယ်၊ မြိတ်၊ ဘားအံ၊ ယှဉ်ပြိုင်ပြီးတော့ လူထပ်ရွေးပါ့မယ် အဲလူတွေကို ရန်ကုန်မှာ သွားပြိုင်ရမယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Leave a Reply