ဆေးတံ လက်မှု လုပ်ငန်း ပညာရှင် ဦးမန်းငွေဝင်းနှင့် ၎င်းထုလုပ် ထားသည့် ဒသဂီရိ ဘီလူးခေါင်း ဆေးတံ ပုံစံငယ်အား တွေ့ရစဉ်။

မော်လမြိုင် ၊ဖေဖော်ဝါရီ ၂၂ ။ ။ မွန်ပြည်နယ် မော်လမြိုင် မြို့ နှင့် ချောင်းဆုံ (ဘီလူးကျွန်း) တံတား တည်ဆောက်ပြီး စီးပါက ဘီလူးကျွန်း ဒေသရှိ တိမ်မြုပ်စပြုနေသော လက်မှုလုပ်ငန်းများ ပြန်လည် ဖွံဖြိုး တိုးတက်လာ ရန်မျှော်လင့်ကြောင်း ရွာလွတ်ကျေးရွာတွင် 555 သစ်သားဆေးတံ နှင့် တောင်ဝှေး ထုတ်လုပ်သည့် လုပ်ငန်း ပိုင်ရှင် ဦးမန်ငွေဝင်း က ပြောကြားသည်။

( ဓါတ်ပုံ – အညွန်း ဘီလူးကျွန်း ဒေသထွက် ဆေးတံ တစ်မျိုး ကို တွေ့ရစဉ် )
( ဓါတ်ပုံ – အညွန်း ဘီလူးကျွန်း ဒေသထွက် ဆေးတံ တစ်မျိုး ကို တွေ့ရစဉ် )

“မော်လမြိုင် တိုက်ရိုက်သွား လာနိုင်ပြီဆိုတော့ ကျွန်တော်တို့လို အသေးစား လုပ်ငန်းလုပ်ကိုင်ကြ တဲ့လူ တွေပိုပြီးအဆင် ပြေတော့မှာဖြစ်ပါ တယ်၊ကုန်ကျစရိတ်ကြီးတဲ့ဒုုက္ခကနေ လွတ်မြောက်ကြပြီလို့ ဆိုရမှာပေါ့” ဟု၎င်းကဆိုသည်။

ဘီလူးကျွန်းဒေသမှ လက်မှုပစ္စည်း များကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ လာရောက်ဝယ် ယူကြ သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် အခြားအခြေခံ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ခဲ့ခြင်းမရှိသည့်အတွက် တိုးတက်မှုနှောင့်နှေးခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်အလုပ်လုပ်တဲ့နေရာမှာ အဓိကအခက်အခဲဖြစ်တာက ကုန်ကြမ်းရှားပါးတာပဲ၊ လိုအပ်တဲ့ ကုန်ကြမ်း ကိုဒီဒေသက မရနို်င်တဲ့အတွက် အလုပ်မတွင်ဘူး၊ ဒီတံတားပြီးရင်တော့ အခြားဒေသကကုုန်ကြမ်း တွေကို အလွယ်တကူသုုံးစွဲနိုင်မှာဖြစ်ပါတယ်၊” ဟု ဦးမန်ငွေဝင်းကဆိုသည်။

ဘီလူးကျွန်းဒေသမှ လက်မှုပစ္စည်းများကို ရခိုင်၊ထားဝယ်နှင့် မန္တလေးတိုင်းနှင့် အခြားပြည်ပနိုင်ငံများဖြစ်သော အမေရိကန် ၊ထိုင်ဝမ် ၊တရုတ်နှင့်ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိကြောင်း ဦးမန်းငွေဝင်းကပြောသည်။

လက်ရှိဘီလူးကျွန်းပေါ်တွင် ဆေးတံလုပ်ငန်း သုံးခုခန့်သာကျန်ရှိနေပြီး အခြားအသေးစားလုပ်ငန်းအနေဖြင့် ကျောက်သင်ပုန်း၊ ကားတာယာနှင့် သားရေကွင်းထုတ်လုပ်သည့်လုပ်ငန်းများ ရှိကြောင်း သိရသည်။

မော်လမြိုင်-ချောင်းဆုံတံတားကို၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင်အပြီးသတ်တည်ဆောင်နိုင်မည်ဖြစ် ကြောင်း မွန်ပြည်နယ် အစိုးရ ကပြောဆိုထားသည်။

Leave a Reply