( ဓာတ်ပုံ အညွှန်း – မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ရာဘာသစ်အချောထည် MOS ကုမ္ပဏီ မှ ဝန်းထမ်းများကို အရေးပေါ် မီးငြိမ်းသတ် သင်တန်းများ )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၁ ။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စက်ရုံ ဝန်ထမ်းများကို အရေးပေါ် မီးငြိမ်းသတ်နည်း သင်တန်းများ
စတင်သင်ကြားပေးလျက်ရှိကြာင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ပြောကြားသည်။

( ဓာတ်ပုံ အညွှန်း – မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ရာဘာသစ်အချောထည် MOS ကုမ္ပဏီ မှ ဝန်းထမ်းများကို အရေးပေါ် မီးငြိမ်းသတ် သင်တန်းများ )
( ဓာတ်ပုံ အညွှန်း – မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ရာဘာသစ်အချောထည် MOS ကုမ္ပဏီ မှ ဝန်းထမ်းများကို အရေးပေါ် မီးငြိမ်းသတ် သင်တန်းများ )
ဖေဖော်ဝါရီ ၂၁ ရက်နေ့က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ရာဘာသစ်အချောထည် MOS ကုမ္ပဏီ မှ ဝန်းထမ်းများကို အရေးပေါ် မီးငြိမ်းသတ် သင်တန်းများ သင်ကြားခဲ့ကြောင်း ၄င်းကပြောသည်။

“မီးဘေးကြိုတင်ကာကွယ်ရေးအတွက်ပေါ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က သူတို့ဆီက ဝန်ထမ်းတွေအတွက် အရေးပေါ်မီးသတ်နည်း သင်ကြားပို့ချပေးဖို့ အကူအညီ တောင်းထားတာရှိတယ်၊ ပိတ်ရက်ရှိတဲ့ တနင်္ဂနွေ နေ့တွေမှာသင်ကြားပေးဖြစ်တယ်၊ အရေးပေါ် မီးငြိမ်းသတ်ရာမှာ မီးသတ်ပိုက်တွေအသုံပြုပုံ ပိုက်ခေါင်း တပ်ဆင်နည်းတွေ ပိုက်လိပ် ကိုင်တွယ်နည်း စသဖြင့် သင်ကြားပေးမှာပါ” ဟု ဦးရဲအောင်က ပြောသည်။

ထို့အပြင် မော်လမြိုင်မြို့နယ်ရှိ ဓာတ်ဆီဆိုင်လုပ်ငန်းများမှ ၀န်ထမ်းများကိုလည်း မီးငြိမ်းသတ်နည်း သင်တန်း များ ပို့ချပေးမည်ဖြစ်ကြောင်း၄င်းကပြောသည်။

မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ မော်လမြိုင်ရှိ စက်ရုံ အလုပ်ရုံများတွင် မီးဘေး ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ရာတွင်လိုအပ်သော ပစ္စည်းများအသင့်ရှိနေရန်ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း ၄င်းကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် တစ်နှစ်အတွင်း မီးလောင်မှု အကြိမ်ပေါင်း ၅၈ ကြိမ်ခန့်ဖြစ်ပေါ်ခဲ့ကာ ငွေကျပ် ပေါင်း ၃၀ ဒသမ ၅၄ သန်းကျော် ဆုံးရူံးခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှသိရသည်။

Leave a Reply