Advertisements

မော်လမြိုင် အောက်တိုဘာ

မော်လမြိုင်မြို့တွင် နှစ်စဉ် ကျင်းပလာသော ၁၈၅ ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ ၇ နှင့် ၈ ရက်၊ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခုနှစ်တွင်မူ နှစ်ပတ်နောက်ဆုတ်၍ ကျင်းပခဲ့သည်။
ယခင်နှစ်များက မိုးလေကင်းလွတ်ခြင်းမရှိသဖြင့် ဒါယကာများ၏ တောင်းဆိုချက်အရ ရက်ရွေ့လိုက်ခြင်းဖြစ်သည်ဟု မောင်ငံကွင်းရပ် ကလျာဏမိတ္တဆွမ်းလောင်းအသင်း ဥက္ကဋ္ဌဦးလှသန်းကပြောသည်။

“သံဃာ့နာယကဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ ရက်ရွှေ့လိုက်တာ။ ဒကာတွေရဲ့ တောင်းဆိုချက်ပေါ့နော်” ဟု ၎င်းကပြောသည်။

ယခင်နှစ်က တော်သလင်းလဆန်း ၁၃၊ ၁၄ ရက်တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် တော်သလင်းလဆုတ် ၁၃၊ ၁၄ သို့ ရက်ရွေ့ဆိုင်းခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပထမနေ့ကို ဇေယျာသီရိနယ်မြေ ဇေယျာ ၂ ရပ်ကွက်တွင် စတင်ခဲ့ပြီး သာယာကုန်းရပ်ကွက် ဝတ်တော်ကြီးဘုရားတွင် အဆုံးသတ်ခဲ့သည်။

ဒုတိယနေ့ကိုမူ သာယာကုန်းရပ်ကွက် ဝတ်တော်ကြီးဘုရားမှ စတင်ပြီး အောက်လမ်းမကြီးတစ်လျှောက် သီရိမြိုင်ဘုရားတွင် အဆုံးသတ်ခဲ့သည်။

အဆိုပါဆွမ်းဆန်လောင်းလှူပွဲတွင် မော်လမြိုင်၊ မုတ္တမနှင့် မုဒုံမြို့များရှိ သံဃာအပါး ၈၀၀၀ နှင့် သီလရှင်အပါး ၅၀၀ တို့အား လောင်းလှူခဲ့သည်ဟု ဆွမ်းလောင်းသည့်ပြည်သူများထံမှ သိရသည်။

စန္ဒာဉာဏ်

Leave a Reply