မော်လမြိုင်၊ မတ် ၁၅ ။ ။ ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရေကစားမဏ္ဍပ်များတည်ဆောက်ရေးကို နောက်တက်လာမည့် ပြည်နယ်အစိုးရသစ်က လုပ်ဆောင်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

water
ဧပြီလတွင် တက်လာမည့် မွန်ပြည်နယ်အစိုးရသစ်က မော်လမြိုင်မြို့သင်္ကြန်ပွဲတော်ကာလတွင် ရေကစား မဏ္ဍပ် တည်ဆောက်ရေးကိစ္စများဆောင်ရွက်ရမည့်အကြောင်းကိုု မတ်လ ၁၅ ရက်နေ့က မွန်ပြည်နယ် အစိုးရရုံး၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“မတ်လ ၃၁ ရက်နေ့မှာ ကျွန်တော်တို့တာဝန်ပြီးဆုံးသွားတော့ နှစ်စဉ်လုပ်ခဲ့တဲ့သင်္ကြန်ရဲ့ အစီမံတွေအားလုံးကို နောင်တက်လာမည့်လူတွေကို ပေးခဲ့မယ်။သူတို့ဆက်လုပ်ဖို့ရှိတယ််။အဲအချိန်မှာ ရုံးအဖွဲ့တို့၊အစိုးရအဖွဲ့မှာရှိတဲ့ တစ်ခြားလူတွေက ထိန်းကျောင်းပြီး ဆောင်ရွက်သွားမယ်” ဟု ဒေါက်တာတိုးတိုးအောင်က ဆိုသည်။

မော်လမြိုင်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်များကို အစိုးရဘတ်ဂျက်ဖြင့် ကျင်းပခြင်းမဟုတ်ဘဲ လုပ်ငန်းရှင်များ၏ ထောက်ပံံ့အလှူငွေများ နှင့် သက်ဆိုင်ရာရပ်ကွက်များ အကူအညီဖြင့် သင်္ကြန်ပွဲတော်ကို နှစ်စဉ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့ပြင် ယခင်က ရပ်ကွက်မဏ္ဍပ်များထွက်ရှိရန် တိုက်တွန်းခဲ့ရသော်လည်း လွန်ခဲ့သည့်နှစ်နှစ်မှစ၍ ကျေးရွာရပ်မိ ရပ်ဖများက သူ့နည်းသူ့ဟန်ဖြင့် လူထုပွဲတော်ပုံစံ ပြောင်းလဲခဲ့ကြောင်း ဒေါက်တာတိုးတိုးအောင်က ပြောဆိုသည်။

Leave a Reply