မော်လမြိုင်၊ မတ်လ ၉ ။ ။ မော်လမြိုင် မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ် တင်မြှောက်ပွဲကို မတ်လ ၉ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါ အစည်းအရုံးထံမှ သိရသည်။

DSC_0625
မော်လမြိုင်မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး အမှုဆောင်သစ်များကို မွန်ပြည်နယ်အတွင်းရှိ ဇာတ် သဘင်တည်ထောင်သူများနှင့် ဇာတ်သဘင်ပညာရှင်များ ရွေးချယ်ပေးခဲ့ကြောင်း မော်လမြိုင် သဘင်ပညာ ရှင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး ဦးပွင့်ကောင်းက ပြောသည်။

အဆိုပါ အမှုဆောင်သစ်ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌ အဖြစ် ဦးရွှေမြိုင်ဆန်းဝင်းကြည်၊ ဒုတိ်ယ ဥက္ကဋ္ဌ များအဖြစ် ဦးစိုးကိုကို နှင့် ဦးရဲခိုင် တို့ကို ရွေးချယ် ခဲ့ပြီး အတွင်းရေးမှူး အဖြစ် ဦးနိုင်ဝင်း၊ တွဲဖက်အတွင်းရေးမှူး ဦးပွင့်ကောင်း တို့ကို ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး တာဝန်ရှိ သူများ ကဆိုသည်။

ထို့ အပြင် ဘဏ္ဍာရေးမှူး အဖြစ် ဦးမင်းနိုင်စိုး ကိုလည်းကောင်း ၊ စာရင်းစစ် အဖြစ် ဦးစိန်လှဝေ၊ ဦးဝင်းနိုင် တို့နှင့် ပြန်ကြားရေးမှူး အဖြစ် ဦးဇော်ဝင်းလတ် တို့ ကိ်ု ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် ဇာတ်သဘင် ၃၅ ဇာတ်နှင့် ဆိုင်းအဖွဲ့ ၁၂ ဖွဲ့ရှိကြောင်း မော်လမြိုင် သဘင်ပညာရှင်များ အစည်းအရုံးထံမှ သိရသည်။

Leave a Reply